1. Home
  2. Movie Stars - Celebrity

Miss Universe မှာ DJ စွမ်းရည်ပြသမယ့် ထက်ထက်ထွန်း

Movie Stars - Celebrity พ.ย. 30, 2559 view 1,718

Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်းကတော့ မကြာခင် Miss Universe ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ ပြိုင်ပွဲကျင်းပရာ ဖိလစ်ပိုင်သို့ သွားရောက်ရတော့မှာ ဖြစ်ပြီး Talent ပြိုင်ပွဲအတွက် DJ စွမ်းရည်ပြသသွားမှာ လဲ ဖြစ်ပါတယ်။

Talent ပြိုင်ပွဲမှာ တကယ်ကျွမ်းကျင်တဲ့ DJ Performance ကိုပဲ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ထားတယ်လို့ လဲ ပြောထားပါတယ်။ ထက်ထက်ထွန်းဟာ DJ နဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်လောက်ကတည်းက လေ့လာခဲ့တာ ဖြစ်ပြီး အိမ်မှာလည်း DJ သင်တန်းဖွင့်ထားတာကြောင့် DJ နဲ့ ပတ်သက်ပြီး နီးစပ်တယ်လို့ ပြောထား ပါတယ်။

သူမအနေနဲ့ Miss Universe ပြိုင်ပွဲမှာ ဘာဆုမျိုး ယူလာပေးမယ်လို့ အာမမခံနိုင်ပေမဲ့ လူတစ်ယောက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်သွားမယ်လို့ ပြောထားပါတယ်။

Credit:Sunday journal



Follow us on