၂၀၁၇ မူဝါဒအရ ဖရီးပါမစ်ဖြင့် တင်သွင်းမည့် မော်တော်ယာဉ်များအားလုံးကို ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မောတော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အတွင်း တင်သွင်းမည့် လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များအားလုံး ဘယ်မောင်းတစ်မျိုးတည်းသာ ခွင့်ပြုမည်ဖြစ်သည်။ ယာဉ်အိုယာဉ်ဟောင်း အစားထိုးစီမံချက်အရ တင်သွင့်ခွင့်ပြုသည့် မော်ဒယ်များမှာ -
- လူစီးယာဉ်များအတွက် ၂၀၁၁ မှ ၂၀၁၄ မော်ဒယ်အတွင်း
- အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် လူစီးယာဉ်များအတွက် ၂၀၁၁ မှ ၂၀၁၇ မော်ဒယ်အတွင်း
- ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအတွက် ၂၀၀၇ မှ ၂၀၁၄ မော်ဒယ်အတွင်း
=========================================================
လူပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနှင့် တင်သွင်းခွင့်ပြုသည့် မော်ဒယ်များ
- လူစီးယာဉ် (၁၃၅၀ စီစီအောက် အပါအဝင်) ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်
- ကုန်တင်ယာဉ် ၂၀၀၇ မှ ၂၀၁၇ မော်ဒယ်
- ခရီးသည်တင်(Express) ၂၀၁၂ မှ ၂၀၁၇ မော်ဒယ်
- မီနီဘတ်စ်၊ စီးတီးဘတ်စ် ၂၀၀၇ မှ ၂၀၁၇ မော်ဒယ်
သာတင်သွင်းခွင့်ပြုတော့မည်ဖြစ်သည်။
အစိုးရဌါနအလိုက် အသုံးပြုမည့် လူစီးယာဉ်များကိုလည်း ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အတွင်း သတ်မှတ်ထားပြီး ပြည်ပမှလှူဒါန်းထားသော လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ဘတ်စ်ကားများကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။
သို့သော် လုပ်ငန်းသုံး ယန္တယားယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးဆိုင်ရာယာဉ်များကိုမူ ဘယ်မောင်း၊ ညာမောင်း ခွဲခြားခြင်းမရှိပဲ တင်သွင်းခွင့်ပြုထားကြောင်း သတင်းရရှိသည်။
Ref:7Day