1. Home
  2. Myanmar News

မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း Visa ကတ် အသုံးပြုသူ ၈၀ ရာခိုင်နှုန်းတိုးတက်လာဟုဆို

Myanmar News ธ.ค. 01, 2559 view 1,506

၂၀၁၅ အောက်တိုဘာကစ၍ ယခုနှစ်စက်တင်ဘာအထိ တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ Visa ကတ်အသုံးပြုသူ ၈၀ ရာခိုင်နှုန်းတိုးတက်လာကြောင်း Visa ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ တစ်နှစ်အတွင်း Visa ကတ် သယ်ဆောင်အသုံးပြုမှုသည် ၅၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။

Visa ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း Visa ကတ်ကိုင်ဆောင်မှု လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း Visa ကတ်ကိုင်ဆောင်ထားသူအရေအတွက်ကို ထုတ်ပြန်ပြောကြားခြင်းမရှိသော်လည်း စစ်တမ်းအရတစ်နှစ်အတွင်း e- Commerce ကဏ္ဍတွင် Visa ကတ် အသုံးပြု၍လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ဟိုတယ်နှင့် တည်းခန်းများငှားရမ်းခြင်း၌ မြန်မာနိုင်ငံကအများဆုံးအသုံးပြုပါတယ်လို့သိရပါတယ်။

Visa ကတ်သည်ကြိုတင်ငွေဖြည့်၍ အသုံးပြုသည့် နိုင်ငံတကာသုံးငွေပေးချေမှု ကတ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်းနှစ်ရာကျော်၌ အသုံးပြုနေကာ ပြည်တွင်း၌ဖြစ်သည့် AYA ဘဏ်၊ CB ဘဏ်တို့နှင့်ပူးပေါင်း၍ ဈေးကွက်ချဲ့ထွင်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

Soure : 7day daily



Follow us on