အောင်လံမြို့နယ် နထားကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး နိုဝင်ဘာ ၂၉ ရက်ည ၈ နာရီအချိန်ခန့်တွင် နေအိမ်ထုတ်တန်း၌ ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ရွှေပန်းတော နယ်မြေရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာတွင် နေထိုင်သူ မလဲ့လဲ့ဝင်းမှာ လွန်ခဲ့သော နှစ်လခန့်က တစ်ရွာထဲနေ ဖိုးပိန်ဆိုသူနှင့် အိမ်ထောင်ပြုခဲ့ပြီးနောက်၊ တစ်လခန့်အကြာတွင် ခင်ပွန်းဖြစ်သူ ဖိုးပိန် အလုပ်လုပ်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီးနောက် ယနေ့အထိ သူမအား ဆက်သွယ်ခဲ့ခြင်းမရှိသည့်အတွက် စိတ်ဓါတ်ကျလျှက်ရှိနေခဲ့သည်။ အခင်းဖြစ်မည့်ည ၇ နာရီခွဲ အချိန်ခန့်တွင် ဖခင်ဖြစ်သူ ဦးထွန်းခင်နှင့် အတူရှိနေခဲ့ပြီးနောက် နေအိမ်အဖီထဲသို့ ဝင်သွားရာ ကြာမြင့်သည်အထိ ပြန်မထွက်လာသဖြင့် ဖခင်ဖြစ်သူက နောက်မှ လိုက်သွားကြည့်ရာတွင် နေအိမ်ခြေရင်း အဖီအတွင်း အမြင့် ၁၂ ပေခန့်ရှိ ဒိုင်းတန်းတွင် အရှည် ၁၂ ပေခန့်ရှိ အစိမ်း၊အဝါပီနံကြိုးဖြင့် ကျစ်ထားသောကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ အကူညီတောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၆ ဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
Ref:ရတနာပုံသတင်းစာ