1. Home
  2. Myanmar News

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ နှင့် သက်ငယ်မုဒိမ်းတို့ကိုတိုင်ကြားနိုင်ရန် ဖုန်းနှစ်လုံးထုတ်ပြန်

Myanmar News ธ.ค. 01, 2559 view 1,541

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုနှင့် ကလေးသူငယ်များအပေါ် အမြတ်ထုတ်သူများကို အသိပေးတိုင်ကြားနိုင်ရန် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၌ အရေးပေါ် ဖုန်းနှစ်လုံး တပ်ဆင်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ကလေးသူငယ်များ အပေါ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုများဖြစ် ပေါ်နေခြင်းကို သိရပါက လူမှုဝန်ထမ်းဦးစီးဌာန(နေပြည်တော်)

ဖုန်း ၀၆၇-၄၀၄၉၉၉ ၊ ၀၆၇-၄၀၄၂၂၂

တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒီဖုန်းနံပါတ်တွေက ကလေးသူငယ်တွေအတွက် သီးသန့် သတ်မှတ်လိုက်တဲ့ နံပါတ်တွေပါ။ဘယ်သူမဆို သံသယ ဖြစ်ရင် ဖုန်းဆက်တိုင်ကြားနိုင်ပါတယ်”ဟု ၄င်းကပြောပါတယ်။၂၀၁၆ တွင် ၁၀ လ အတွင်းမုဒိမ်းမှု ၇၆၁ မှုရှိခဲ့ပြီး ယင်းတွင် သက်ငယ်မုဒိမ်းမှု ၃၈၀ မှုရှိခဲ့ပါတယ်။ရန်ကုန်တိုင်း၌ ၁၀ အတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄ မှုဖြစ်ခဲ့ပြီး လေးရက်လျှင် ကလေးငယ်တစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းဖြစ်ပါတယ်။

Soure ; 7day daily



Follow us on