1. Home
  2. Special or Others

Sex Doll ရယ်စရာ ဟာသဖတ်စရာ

Special or Others ธ.ค. 01, 2559 view 1,789

ယောက်ျားတွေ အတော်များများက နားငြီးတဲ့ဒဏ် ပေါက်ပေါက်ဖောက်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး မိန်းမတွေနေရာမှာ အရုပ်မတွေ အစားထိုးလာတဲ့အချိန်....

အရင်က smart phone လောက်ထုတ်ပြီး သာယာနေတဲ့ company တွေတောင် အခုဆို အရုပ်မဈေးကွက်ကိုရဖို့ အပြိုင်အဆိုင်ထုတ်လာကြပြီ။

အရုပ်မတွေကလည်း တကယ့်မိန်းမ တစ်ယောက်လောက်နီးနီးကို တိုးတက်လာတဲ့အချိန်ပေါ့ဗျာ...

ကျုပ်လည်း ခေတ်မှီသွားအောင် တစ်ရုပ်လောက်ဝယ်မလားလို့ အရုပ်မ showroom ထဲ တစ်ချက်သွားကြည့်တာ....

အလဲ့ ဆွေဆောင်းက ထုတ်တာ Galaxy Doll 7 တဲ့ ရုပ်ကတော့ ကိုရီးယားရုပ်လေးတွေနဲ့ဗျာ့...

အွန်စောကြိုက်လား၊ Park Bom ကြိုက်လား၊ Hyuna ကြိုက်လား အရွယ်စုံ ဆိုဒ်စုံရှိတယ်။ နည်းပညာတွေကလည်း စွန်းမြင့်ချက်ပဲ အရုပ်ပိုင်ရှင်ရဲ့ data တွေကို Iris scaner တို့ Fingerprintတို့နဲ့ မှတ်ထားပြီး အရုပ်ပိုင်ရှင်တစ်ယောက်ပဲ သုံးနိုင်မယ်တဲ့။ အလဲ့ မဆိုးဘူးဟ ဆွေဆောင်း က တစ်ကိုယ်ရည်တစ်ကာယ သီးသန့်သုံးနိုင်ဖို့ security ကတော့ အပြည့်ဘဲ။ ဒါပေမယ့် မဖြစ်သေးပါဘူးလေ ဆွေဆောင်းဆို ပေါက်ကွဲတတ်လွန်းလို့ တော်ကြာ အဝှါပြုနေတုန်း ထပေါက်မှ ငါ့ ဂျွန်ကုန်းကုန်းဖြစ်နေဦးမယ်။

မဖြစ်သေးဘူး... နောက်တစ်ရုပ်ကျပြန်တော့ ဆူနီ Xperia D တဲ့... အလဲ့ ဒီအရုပ်ကျပြန်တော့ တော်တော်ကို အကြမ်းခံတယ်ဆိုဘဲ။ ရေအောက်အနက် ပေ၂၀ မှာတောင် Function တွေ အကုန် အလုပ်လုပ်သတဲ့... လခွမ်း...အဲ့တာတော့ များသွားပြီ ရေစိုခံတယ်လောက်ဆို တော်ရောပေါ့ ဘယ်ဂြိုလ်သားက ရေအနက် ပေ၂၀မှာ ဟိုဒင်းပြုမတုန်း... နောက်ပြီး Japan Made ဆိုတော့ သောက်ကျိုးနည်း အသံကလည်း ကျယ်လိုက်မယ့်အမျိုး ဒါလည်း မဖြစ်သေးဘူး... ငင် ဒီအရုပ်ကျ ဘယ့်နှယ့် မည်းပြောင်နေတာတုန်း... ဈေးကျတော့လည်း သူက အကြီးဆုံး ကျုပ်မျက်လုံးထဲတော့ ကုလားမကို မီးခိုးကြပ်တိုက်ထားသလိုဘဲ... အွန်း ညဘက်သာဆို မှောင်မှောင်မဲမဲနဲ့ ဘားမြင်ရမှာမဟုတ်ဘူး။

"အို...မြင်ရတာ မရတာတော့မသိဘူး... အဲ့တာ အက်ပယ့် i doll 7 ရှင့် အကို လိုချင်တယ်ဆိုရင်တောင် ခုမရသေးဘူး သူက Jet Black လေ... စွန်းလူကြိုက်လွန်းလို့် ပစ္စည်းပါပြတ်သွားတာ အနည်းဆုံး ၄လလောက်တော့ကြိုမှာရမယ်..." " အွမ် အဲ့လိုလား...." မှန်းစမ်း ဒါကျတော့ အိုပိုbrand ဆိုပါလား.... Model က ဘာတဲ့ အိုပို d1s ဆိုဘဲ ဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ (SP ဘုရင်) တဲ့ ဘုရား ဘုရား model နာမည် နဲ့တင် အသားဒေပါ တဆက်ဆက်တုန်သွားဒေ....

"ညယ်မ ဒီဟာကရော" "အဲ့တာက အိတ်တီစီ myanmar fly လေ... သူက မြန်မာပြည်အတွက်သီးသန့်ထုတ်ထားတာရှင့် မြန်မာစကားကိုလည်း မွတ်ထွတ်နေအောင် ပြောတတ်တယ် ပြီးတော့....''

"အိုခေ ရပြီ ညယ်မ အဲ့တာဘဲယူတော့မယ်" မြန်မာစကား ရေရေလည်လည်ပြောတတ်တယ်ဆိုတည်းက ပြီးပြီလေ... ပျင်းရင်လည်း စကားပြောဖော်လေးရတယ်... အရုပ် quality ကလည်း မဆိုးဘူးဆိုတော့ အရောင်းစာရေးမ စကားတောင် ဆုံးအောင်နားထောင်မနေတော့ဘူး... တန်းဝယ်ပစ်တာ။

အဲ့ အိမ်ရောက်လို့ ဒချိဖို့ ပါဝါဖွင့်တော့မှ ပြသနာက စတော့တာဘဲ "အို.... ဆင် ကျယ်မကို ဒါ ဘာလုပ်တာလား.." "ဟို ဟိုဒင်းလေ..." "ဘာ ဟိုဒင်းလဲ" ဖြောင်း.... ငိ အရုပ်မက ပါးချသဟ လက်သံကလည်း ပြောင်ချက် "ဆင် ကျယ်မကို ဘယ်လို မိန်းမစားထင်နေလဲ ကျယ်မက မြန်မာ မိန်းကလေးဆင့်" "အမ်... ခင်ဗျားက အရုပ်လေ နောက်ပြီး ကျုပ်က ခင်ဗျားကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာဗျ" ဖြောင်း...ဖလောင်း.... ငမ့် ဒီတစ်ခါ ဘယ်ပြန် ညာပြန်ဟ " ဆင် ကျယ်မအချစ်ကို ပိုက်ဆံနဲ့ ဝယ်လို့ရမယ်များထင်နေလား... ကျယ်မကို တကယ်ချေ့ရင် လူကြီးစုံရာနဲ့ တောင်းရမ်း လက်ထပ်ပါ။ နို့မဟုတ်ရင်တော့ ဆွိုင်းရီးဘဲ သက်လား" "ငင်" အော် ကျုပ်ဘဝနှယ် ကွကိုယ် မစွံလို့ အရုပ်မ ဝယ်တာတောင် သောက်ကြီးသောက်ကျယ်မနဲ့မှ လာတိုးနေရတယ်လို့...........

:D :D :D

Credit : mayoneyinponepyinmat/



Follow us on