1. Home
  2. Myanmar News

ကားအရောင်းစင်တာများရှိ အပ်ကုန်စနစ်ကားများကို စလစ်အပြီးကပ်ရန်အချိန် ခြောက်လထပ်မံ အခွင်းအရေးပေး

Myanmar News ธ.ค. 02, 2559 view 1,600
ကားအရောင်းစင်တာများမှ Consignment (အပ်ကုန်) စနစ်ဖြင့် တင်သွင်းထားသည့်ကားများကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ ခြောက်လအထိ စလစ်အပြီးကပ် မှတ်ပုံတင်ရန် သက်တမ်းတိုးခွင့် ကာလ တိုးမြှင့်ပေးမည်ဖြစ်ပြီး သက်တမ်းတိုးကာလ ကျော်လွန်သွားပါက အရေးယူသွားမည်ဟု မော်တော်ယာဉ်တင် သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ 
 
ကားအရောင်းစင်တာတွေ Consignment နဲ့ တင်သွင်းထားတဲ့ ကားတွေကို သက်တမ်းခြောက်လထိ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်၊ ဒီတစ်ကြိမ်ကလည်း သက်တမ်းတိုး ခွင့်ပြုပေးတာ နောက်ဆုံးအကြိမ်ဖြစ်ပြီး တော့ သတ်မှတ်ကာလအတွင်းမှာ စလစ်အပြီးမကပ်နိုင်ရင် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
 
ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနအနေဖြင့် Consignment စနစ်ဖြင့် တင်သွင်းထားသည့် ကားများကို နောက်ဆုံးအကြိမ် သက်တမ်းတိုးခွင့်ပြုပေးခြင်းဖြစ်ပြီး ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့်တင်သွင်းထားသော ကားအစီးရေ ၁၁,၀၀၀ စလစ်ကပ်ရန် ကျန်ရှိနေသည့် ဝန်းကျင်ရှိနေသေးကြောင်း သတင်းရရှိသည်။
 
Ref:AutoMobile
 


Follow us on