1. Home
  2. Myanmar News

သန်လျင်တံတားအပါဝင် ရန်ကုန်တိုင်းရှိ မြစ်ကူးတံတားကိုးစင်း၌လာမယ့်နှစ် မေလကစ၍ဖြတ်သန်းခမကောက်ခံ

Myanmar News ธ.ค. 02, 2559 view 1,657

သန်လျင်တံတားအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ကူးတံတားကိုးစင်း၌ လာမယ့် ၂၀၁၇ မေလကစ၍ တံတားဖြတ်သန်းခကောက်ခံနေမှုကို ရုပ်သိမ်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ မော်တော်ယာဉ်အားလုံးတန်ပိုတင်ဆောင်ခွင့်မပြုဘဲ အာဆီယံစံချိန်နှုန်းအတိုင်းသာ ကုန်စည်တင်ဆောင်ခွင့်ပြုပြီး ပိုမိုတင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟုလည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက်ပါဝင်သော လုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ ပြောကြားပါတယ်။

“အာဆီယံစံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ဝင်ရိုးသတ်မှတ်ချက်တွေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။နို့မိုဆိုရင် တံတားကြေးတွေမကောက်လို့ တန်ပိုတင်ရင် ဒီတံတားတွေ မကောက်လို့ တန်ပိုတင်ရင် ဒီတံတားတွေပျက်စီးသွားမယ်။ဒီအခြေအနေကိုလည်း စည်းမျဉ်းစည်းကမ်းဘောင်ကနေ လိုက်နာသွားဖို့ ကျွန်တော်တို့ စိစစ်ဆောင်ရွက်သွားမယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။အာဆီယံစံနှုန်းနှင့် သတ်မှတ်သည့် ကုန်ပစ္စည်းတင်ဆောင်မှုသည် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးလျှင် ကုန်တင်ချိန် ၂၅ တန် တင်ဆောင်ခွင့်ပြုထားပြီး ၂၂ ဘီး ကားတစ်စီး၏ ကုန်ပစ္စည်းတင်ဆောင်နိုင်မည့် ပမာဏသည် ၅၂ တန် ဖြစ်ပါတယ်။

Soure : 7day daily



Follow us on