1. Home
  2. Myanmar News

၂၀၁၇ တွင် ဖရီးပါမစ်ဖြင့် တင်သွင်းမည့်ကားများ ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်

Myanmar News ธ.ค. 02, 2559 view 1,481

ဖရီးပါမစ်ဖြင့် တင်သွင်း မည့် မော်တော်ယာဉ်များအားလုံး ၂၀၁၇ မူဝါဒအရ ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ၂၀၁၇ အတွက် တင်သွင်းရမည့် ထုတ်လုပ်သည့်ခုနှစ်များကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက နိုဝင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ကြေညာသည်။ လာမည့်နှစ် ဇန်နဝါရီ ၁ ရက်ကစပြီး တင်သွင်းမည့် ယာဉ်များမှ လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အတွင်း တင်သွင်းလျှင် ဘယ်မောင်း တစ်မျိုးတည်းကိုသာ ခွင့်ပြုတော့မည်ဖြစ်သည်။ ယာဉ်အိုယာဉ်ဟောင်း အ စားထိုးစီမံချက်အရ တင်သွင်းခွင့်ပြုမည့် မော်ဒယ်များမှာ လူစီးယာဉ်များအတွက် ၂၀၁၁ မှ ၂၀၁၄ အ တွင်း၊ ၁၃၅၀ စီစီအောက် လူစီးယာဉ်များအတွက် ၂၀၁၁ မှ ၂၀၁၇ အတွင်း တင်သွင်းရမည်ဖြစ်သည်။

ကုန်တင်ယာဉ်အုပ်စုများနှင့် ခရီးသည်တင်ယာဉ်အုပ်စုများအ တွက် ၂၀၀၇ မှ ၂၀၁၄ အတွင်း တင်သွင်းရန် သတ်မှတ်ထားသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအ စဉ်ဖြင့် တင်သွင်းမည့် ယာဉ်များအတွက် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့် အောက်ယာဉ်များအပါအဝင်) အားလုံးကို ၂၀၁၅ မှ ၂၀၁၇ အတွင်း၊ ကုန်တင်ယာဉ်များအတွက် ၂၀၀၇ မှ ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုထားသည်။ ခရီးသည်တင်ယာဉ် (Ex-press)များအတွက် ၂၀၁၂ မှ ၂၀၁၇ အတွင်း၊ မီနီဘတ်စ်၊ စီးတီးဘတ်စ်များအတွက် ၂၀၀၇ မှ ၂၀၁၇ အတွင်း တင်သွင်းမည်ဖြစ်သည်။ အစိုးရဌာနအလိုက် အသုံး ပြုရန် တင်သွင်းခွင့်လျှောက်ထား လာမည့် လူစီးယာဉ်များမှာလည်း ၂၀၁၅ မှ ၂၀၁၇ အတွင်း မော်ဒယ် ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမည် ဖြစ်သည်။

လုပ်ငန်းသုံးယာဉ်၊ ခရီးသည်တင် ယာဉ်၊ ကုန်တင်ယာဉ်နှင့် ယန္တရား များကို ၂၀၀၇ မှ ၂၀၁၇ အတွင်း ဘယ်မောင်းမော်တော်ယာဉ်များ တင်သွင်းရန် သတ်မှတ်ခဲ့သည်။ ပြည်ပမှ လှူဒါန်းသည့် မော် တော်ယာဉ်များမှ လူစီးမော်တော် ယာဉ်၊ ခရီးသည်တင်ယာဉ် (Ex-press)နှင့် ဘတ်စ်ကားများကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်သတ်မှတ်ပြီး လုပ် ငန်းသုံးယန္တရား၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးဆိုင်ရာ ယာဉ်များကိုဘယ်မောင်း၊ ညာမောင်း ခွဲခြား ခြင်းမရှိဘဲ တင်သွင်းခွင့်ပြုထား ကြောင်း သိရသည်။

Credit : 7day daily



Follow us on