1. Home
  2. Movie Stars - Celebrity

ချစ်သူရဲ့ မွေးနေ့လက်ဆောင်ကြောင့် ပျော်နေတဲ့ နန်းသူဇာ

Movie Stars - Celebrity ธ.ค. 02, 2559 view 1,623

ဒီဇင်ဘာ၁  ရက်နေ့ကတော့ အဆိုတော် နန်းသူဇာရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ ချစ်သူနဲ့အတူတူ ဘုရားသွားဖူးခဲ့တယ်လို့လည်း သိရပါတယ်။ သူမရဲ့ မွေးနေ့ မှာ ချစ်သူ ကျော်ထွဋ်ဆွေက ပေးတဲ့ မွေးနေ့လက် ဆောင်ကြောင့် ပျော်ရွှင်လို့ နေပါတယ်။မွေးနေ့ လက်ဆောင်ကတော့ i phone 7plus ဖြစ်ပါတယ်။ i phone 7plus ကို A4 စာရွက်နဲ့ Hand Made ဖဲပြားလေးလုပ်ပေးထားတာကြောင့် နန်းသူဇာတစ်ယောက် ကျေနပ်လို့ နေပါတယ်။

သူမကတော့ဖုန်းလေးကို မကွဲအောင် သုံးပ့ါမယ်လို့လည်း ပြောပြထားပါတယ်။ ကျော်ထွဋ်ဆွေကလည်း ချစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ ပြင်ဆင်နေတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။ ချစ်သူသက်တမ်း ကြာနေပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ကတော့ ယူဖို့အတွက်ကိုလည်း ပိုက်ဆံစုနေတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါသေးတယ်။

 



Follow us on