1. Home
  2. Movie Stars - Celebrity

အွန်လိုင်းမှာ ဖြန့်ချီခဲ့တဲ့ အားတီရဲ့ သီချင်းသစ်

Movie Stars - Celebrity ธ.ค. 02, 2559 view 1,536

အားတီနဲ့ ဒီဂျေဝိုင်းတို့ ဖန်တီးထားတဲ့ "New World" သီချင်းMTV ကို ငွေဆောင်မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ဒီဇင်ဘာ(၁)ရက်နေ့ကနေ စပြီး အဲ့ဒီ MTV ကို အွန်လိုင်းမှာ အခမဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ် ။ အဲဒီသီချင်းကို မော်ဒယ်တွေ အကအဖွဲ့တွေနဲ့ငွေဆောင်မှာ သွားရိုက်ထားတာဖြစ်ပြီး ငွေကြေးအကျိုးအမြတ်ထက် အနုပညာအမြတ်ကိုပဲ လိုချင်တာကြောင့် ဒီMTV လေးထွက်လာရင်လည်း အားပေးကြဖို့နဲ့ Feedback ကောင်းလေး တွေကို မျှော်နေတယ်လို့ ပြောထားခဲ့ ပါ တယ်။

သီချင်းကို အောက်တိုဘာ (၁)ရက်နေ့က အော်ဒီယိုအနေနဲ့ ဖြန့်ချိခဲ့ပြီး MTV ကိုတော့ ဒီဇင်ဘာ(၁)ရက်နေ့ FG Entertainment ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် New World ၏ အမ်တီဗွီကို Channel 7 ရဲ့ On Air Program တွင် နိုဝင်ဘာ ၄ ရက်မျာ ပြသပေးမယ်လို့ အားတီက ပြောထား ပါတယ်။

Credit:Duwun 



Follow us on