1. Home
  2. Myanmar News

အချိန်ပိုခေါ်ယူပြီး တတိယတန်းကျောင်းသူကို အဓ္ဓမပြုကျင့်တဲ့ မူလတန်းပြဆရာ

Myanmar News ธ.ค. 05, 2559 view 1,522
ဒီဇင်ဘာလ (၃)ရက်နေ့က တတိယတန်းကျောင်းသူတစ်ဦးကို မူလတန်းပြဆရာမှ အဓ္ဓမပြုကျင့်ခဲ့မှု ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ လောင်းမင်းကျေးရွာ မူလတန်းကျောင်းသို့ ဒီဇင်ဘာလ (၃)ရက်နေ့ နံနက် (၉)နာရီတွင် အချိန်ပိုစာသင်ရန် သွားရောက်ခဲ့သည့် အသက် (၁၀)နှစ်အရွယ် တတိယတန်းကျောင်းသူသည် နံနက် (၁၁)နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် အမျိုးသမီးအင်္ဂါအတွင်းမှ သေးများထွက်လာသဖြင့် အဒေါ်ဖြစ်သူမှမေးမြန်ခဲ့ရာ အချိန်ပိုစာသင်ပြီးနောကေ အသက်(၂၆)နှစ်အရွယ် မူလတန်းပြဆရာမှ ၎င်း၏အိပ်ခန်းတွင်းသို့ခေါ်ယူကာ အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
 
ကလေးငယ်၏ မိဘများက ခန္တီးဘက်တွင် သွားရောက်အလုပ်လုပ်ကိုင်နေသဖြင့် အဒေါ်ဖြစ်သူမှ တရားလိုပြုကာ ဟုမ္မလင်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီးနောက် အဆိုပါ မူလတန်းပြဆရာအား ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နှင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
 
Ref:7Day


Follow us on