မြန်မာရုပ်ရှင်နယ်ပယ်မှ ဆင်းရဲချို့တဲ့ တဲ့ အနုပညာရှင်အချို့ အကယ်ဒမီပွဲအတွက် ဖိတ်စာရသည်တိုင် ထိုပွဲကို လူလူသူသူတက်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားကြရတဲ့ အကယ်ဒမီပွဲနောက်ကွယ်မှ တစ်ကယ့်ဖြစ်ရပ်မှန် ဘဝတွေကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းတိုမှာ နေတိုးနဲ့ အေးမြတ်သူတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
“လက်ဆောင်” လို့ အမည်ပေးထားတဲ့ အဆိုပါ ဇာတ်လမ်းတိုကို Myanmar Media 7 က ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။ နေတိုးက ဇာတ်ညွှန်းရေးဆရာနေရာက သရုပ်ဆောင်မှာဖြစ်ပြီး အကယ်ဒမီပွဲတက်ဖို့အတွက် လက်မှတ်ရပေမယ့် ပွဲတက်ဖို့ ဝတ်စုံမရှိတာကကအစ ချို့တဲ့တဲ့အနုပညာရှင် တစ်ယောက်ရဲ့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အကြောင်းကို ဖော်ကျူးမှာ ဖြစ်ပါတယ်။
ရိုက်ကူးပြီးစီးပါက အဆိုပါ ဇာတ်လမ်းတိုကို အွန်လိုင်းတွင် အခမဲ့ ဖြန်ချိပေမည်ဖြစ်ပြီး ACE ရုပ်ရှင်ရုံများတွင်လည်း ပြသပေးမည်ဖြစ်ကြောင်း သိရှိရသည်။
Ref:7Day