1. Home
  2. Myanmar News

စမ်းချောင်းငွေလဲကောင်းတာ ဓါးမြတိုက်သူနှစ်ဦး၏ ဓါတ်ပုံများ ထုတ်ပြန်ကြေညာ

Myanmar News ธ.ค. 05, 2559 view 1,532
ဒီဇင်ဘာလ (၃)ရက်နေ့က စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ ဓါးပြမှုတွင် ပါဝင်ခဲ့သူနှစ်ဦး၏ ဓါတ်ပုံများကို မြန်မာနိုင်ငံရဲတပ်ဖွဲက အများပြည်သူများ သိရှိရန် ထုတ်ပြန်ခဲ့ပြီး တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
 
 
 
ဖော်ပြပါလူများကို တွေ့ရှိပါက အောက်ပါဖုန်းနံပတ်များသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။
- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၁၉၉၊ ၀၁ ၂၃၂၃၁၉၉
- အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆
- စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅
- စမ်းချောင်းမြို့မရဲစခန်း - ၀၁ ၅၃၅၁၈၄
အဆိုပါ သေနတ်ဖြင့် ခြိမ်းခြောက်ဓါးပြတိုက်ခဲ့မှုကြောင့် မြန်မာငွေကျပ်သိန်း ၁၅၀ နှင့် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ပါသွားခဲ့ပြီး သေနတ်တစ်ချက် ပစ်ဖောက်သွားခဲ့သည်။ ကျူးလွန်ခဲ့သူများ၏ ပုံများကို လုံခြုံရေးကင်မရာများမှ ရှာဖွေတွေ့ရှိခဲ့ပြီး ယခုလို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
 


Follow us on