1. Home
  2. Movie Stars - Celebrity

အပြောခံရဖို့ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးလို့ ပရိသတ်ကို တုံ့ပြန်လိုက်တဲ့ ကောင်းပြည့်

Movie Stars - Celebrity ธ.ค. 05, 2559 view 1,615
ကျွန်တော်တို့တွေ ဘာကားပဲရိုက်ရိုက် အပြောခံရတယ်၊ အချစ်ကားရိုက်လည်း အပြောခံရ၊ ဟာသကားရိုက်လည်း အပြောခံရ ဘာရိုက်ရိုက် အပြောခံရတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုဇာတ်ကားမျိုးတွေ ရိုက်ပေးရမှာလဲလို့ ပရိသတ်ကို ပြန်မေးချင်တယ်။
 
အပြောခံရဖို့သက်သက် ရုပ်ရှင်ရိုက်နေကြတာမဟုတ်ပါဘူး၊ မြန်မာလူမျိုးအချင်းချင်းကြတော့ အထင်မကြီးဘူး၊ ကျွန်တော်တို့တွေလည်း အိပ်လိုက်စားလိုက်နဲ့ နေကြတာမဟုတ်ပါဘူး၊ ကြိုးစားနေဆဲပါ။ မင်းတို့ဘာသာ ကိုယ့်စီးပွားရေးအတွက် ကိုယ်ရိုက်တာပါကွာလို့ ပြောကြတဲ့သူတွေကို ပြန်မေးလိုက်ချင်တယ် သူတို့ဆိုရင်ရော ဘယ်လိုလုပ်မလဲလို့… လူတိုင်းက ကိုယ့်ဘက်ကနေ အရင်ကြည့်ကြတာပဲလေ၊ အဲဒီတော့ ကျွန်တော်တို့ကို အပြစ်ပြောတာထက် သေချာစဉ်းစားပြီးမှ လိုအပ်တဲ့နေရာတွေမှာ ဖြည့်စွက်နားလည်းပြီး ပြောပေးစေချင်တယ်လို့ မြန်မာဇာတ်ကားတွေကို ဝေဖန်နေကြတဲ့အပေါ်  သရုပ်ဆောင်ကောင်းပြည့်က တုံ့ပြန်လိုက်ပါတယ်။
 
Ref:အိုအေစစ်
 


Follow us on