1. Home
  2. Special or Others

၂၀၁၇ မှာ ရောင်းချတော့မည့် လူသားအတိုင်းတုံ့ပြန်မယ့် လိင်ဖျော်ဖြေရေးအရုပ်တွေက စုံတွဲတွေကြားမှာ ပြဿနာရှိနိုင်

Special or Others ธ.ค. 05, 2559 view 2,475
ပထမဦးဆုံး လူလိုစကားပြောပြီး လူသားလိုပဲ တုံ့ပြန်ဆက်ဆံပေးမယ့် လိင်ဖျော်ရေးစက်ရုပ်တွေကို ၂၀၁၇ ခုနှစ်မှာ စတင်ရောင်းချလာဖို့ ရှိနေပါပြီ။ အဆိုပါ အရုပ်တွေဟာ တစ်ကိုယ်တည်း အဖော်မဲ့သူတွေအတွက် ပြဿနာမရှိပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် အိမ်ထောင်သည်တွေ စုံတွဲတွေမှာတော့ ကြာလာတဲ့အခါ အချစ်ကို လုယူခံလိုက်ရသလို ခံစားချက်မျိုးနဲ့ ပြဿနာတွေ ရှိလာနိုင်တယ်လို့ လူမှုဆက်ဆံရေးလေ့လာကျွမ်းကျင်သူ ပညာရှင်များက သတိပေးထားပါတယ်။
 
 
စုံတွဲတွေဟာ ထူးထူးဆန်းဆန်း ပျော်ပါးချင်တဲ့ စိတ်ကူးမျိုးနဲ့ နှစ်ယောက်တစ်ယောက်လို ကိစ္စမျိုးကို ဖြစ်ချင်တဲ့အခါ အရုပ်တွေကို သုံးနေကြပါတယ်၊ ဒါမျိုးက တစ်ကယ့်လူတွေနဲ့ စမ်းသပ်ကြည့်ဖို့ အဆင်မပြေနိုင်ဘူးလေ ဟု ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။
 
 
စက်ရုပ်တွေက စုံတွဲတွေဝေးကွာနေတဲ့အခါမျိုးတွေမှာ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် လိင်ကိစ္စမှာ ညဉ်းငွေ့မလာအောင် အပြောင်းအလဲသဘောမျိုးနဲ့တော့ အထောက်အကူ ပြုကောင်းနိုင်ပါတယ်။ တစ်ယောက်ယောက်က ရာဂစိတ်တစ်အားနိုးကြွနေချိန်မှာ တစ်ယောက်က အဆင်သင့်မဖြစ်တဲ့အခါမျိုးတွေမှာ စက်ရုပ်မ ဒါမှမဟုတ် စက်ရုပ်ထီးက အဲ့ဒီကိစ္စကို အလွယ်တစ်ကူ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
 
မှတ်ချက်။  ။ ဗီဒီယိုတွင် လိင်ပိုင်းဆိုင်ရာ အကြောင်းရာများ ပါဝင်သဖြင့် ကြည့်ရှုသူများ သတိပြုပါ။


Follow us on