1. Home
  2. Special or Others

ထူးထူးခြားခြား ကြောင်သားပေါက်လေးနဲ့ လက်ထပ်ခွင့်တောင်းသူ

Special or Others ธ.ค. 05, 2559 view 1,595
တစ်ဦးနဲ့တစ်ဦး ယခင်က မတွေ့ဆုံဖူးပဲ ချိန်းတွေ့ခဲ့ကြပြီးတဲ့နောက်မှာ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ “ကိတ်ဝူဒလေ” နဲ့ “ဂျရတ်ဖို့စစ်” တို့ စုံတွဲဟာ ချစ်သူသက်တမ်း နှစ်နှစ်ပြည့်ခဲ့ပါပြီ။ သူတို့နှစ်ဦးစလုံးဟာ တိရိစ္ဆာန်တွေကို အရမ်းချစ်တတ်ကြတာလည်း  တူညီပါတယ်။
 
 
တစ်နေ့မှာ “ကိတ်” တစ်ယောက်တစ်ယောက်ထဲ တိရိစ္တာန်ကယ်ဆယ်ရေး ဂေဟာကို ကြောင်လေးတွေ မွေးစားဖို့ ရောက်လာခဲ့ပါတယ်။ အဲသည့်အချိန်မှာ ဝန်ထမ်းအမျိုးသမီးတစ်ဦးက သူ့အတွက် မီးခိုးရောင် ချစ်စရာကြောင်သားလေးကို ယူလာပြီး ကမ်းပေးလိုက်ပါတယ်။ သူမ ပွေ့ချီလိုက်တဲ့အခါမှာ ကြောင်လေးရဲ့ လည်ပတ်အပြာမှာ ချိပ်ဆွဲထားတဲ့ အသဲပုံစာတမ်းလေးကို ဝန်ထမ်းဖြစ်သူက ဖတ်ခိုင်းခဲ့ပါတယ်။ “ငါ့ကိုလက်ထပ်ခွင့်ပြုမလား” ဆိုတဲ့ စာတမ်းကို တွေ့တဲ့အခါမှာတော့ “ကိတ်” တစ်ယောက် ခတ္တအံ့သြသွားတဲ့အချိန်မှာ “ဂျရတ်” က အခန်းနောက်ကနေ ထွက်လာပြီး လက်ထပ်လက်စွပ်နဲ့ လပ်ထပ်ခွင့်တောင်းခဲ့ပါတယ်။
 
ရုံးတက်နေတယ်လို့ သူမထင်ထားတဲ့ သူမရဲ့ချစ်သူ “ဂျရတ်”က ဒီအစီစဉ်တွေကို သူမအံ့သြသွားအောင် သူရဲ့ အဒေါ်တော်စပ်သူ ဝန်ထမ်းနဲ့ တိတ်တဆိတ်ကြိုတင်စီမံခဲ့တာဖြစ်ပါတယ်။  ဗီဒီယိုရိုက်တာကိုတော့ သူမ မရိပ်မိအောင် ကယ်ဆယ်ရေးဂေဟာအတွက် ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ ရိုက်တာလို့ အစထဲက ယုံအောင်ပြောထားခဲ့တာဖြစ်ပါတယ်။ 
 


Follow us on