1. Home
  2. Movie Stars - Celebrity

နာမည်ကျော် ဖက်ရှင်စတိုင်တစ်ခုဖြစ်လာတဲ့ မုန့်ဖတ်ထုပ်ပိုက်ဆံအိတ်

Movie Stars - Celebrity ธ.ค. 05, 2559 view 1,581

ဖက်ရှင်ဒီဇိုင်နာတွေဟာ အာရှရဲ့ အခြေခံပစ္စည်းတွေကို အဆင့်မြင့်ဖက်ရှင်အဖြစ် ဒီဇိုင်းထုတ်ကြည့်ကြဖို့ အတော်ပင် အာရုံရကြဟန် တူပါတယ်။ ယခင်တစ်ခါကလည်း ခြေသုတ်ခုံပုံစံ လက်ကိုင်အိတ်တစ်ခုကို ဒီဇိုင်းထုတ်ခဲ့ဖူးသလို ယခုအခါမှာလဲ ငှက်ပျောရွက်နဲ့ လုပ်ထားတဲ့ မုန့်ဖက်ထုပ်သဏ္ဍာန် ပိုက်ဆံအိတ် လာပြန်ပါပြီ။ အဆိုပါဒီဇိုင်းကိုတော့ အသက် ၆၄ နှစ်အရွယ် ပြင်သစ်ဒီဇိုင်နာတစ်ဦးဖြစ်သူ Jean Paul က တီထွင်ဖန်တီးခဲ့တာပါ။

ငှက်ပျောရွက်ဟာ အာရှမှာတော့ မုန့်ထုပ်တဲ့ ဖက်ရွက်အဖြစ် ပေါပေါလောလော အသုံးပြုကြပေမယ့် ယခုလို နာမည်ကြီးဒီဇိုင်နာရဲ့ ဖက်ရှင်ပစ္စည်းတစ်ခု ဖြစ်လာတဲ့အခါမှာတော့ ငှက်ပျောရွက်ကို ဈေးကြီးပေးပြီး ၀ယ်ယူရတော့မှာပါ။ အာရှရဲ့ အခြေခံ လူသုံးကုန် ပစ္စည်းတွေကို မျက်စိကျနေတဲ့ အနောက်တိုင်း ဒီဇိုင်နာတွေဆီက နောက်ထပ် ဘယ်လိုတီထွင်မှုတွေ မြင်တွေ့ရဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Credit : momolay



Follow us on