1. Home
  2. Myanmar News

စကားတစ်ခွန်းကြောင့် သက်တော်(၈၄)နှစ် ကျောင်းထိုင်ဆရာတော်ကို သံတူရွင်းဖြင့် ရိုက်သတ်သူ

Myanmar News ธ.ค. 06, 2559 view 1,521
မကွေးတိုင်း ဂန့်ဂေါခရိုင်၊ သရက်ချဉ်ကျေးရွာမှ ဝါတော်(၆၄)ဝါ၊ သက်တော် (၈၄)နှစ် အရွယ်ရှိ ကျောင်းထိုင် ဆရာတော်ကို ဘုန်းကြီးကျောင်းတွင် ဝေယာဝိစ္စလုပ်ကိုင်ပေးနေသော တစ်ရွာထဲနေ အသက်(၅၃)နှစ်အရွယ် အမျိုးသားက သံတူရွင်းနှင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာနှင့် ပျံလွန်တော်မူသွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ အခင်းမဖြစ်မီ ရက်အနည်းငယ်ခန့်က ကျောင်းထိုင်ဆရာတော်မှ ယင်းအမျိုးသားအား “ဘုန်းကြီးတွေ ဆွမ်းဘုဉ်းမပေးရသေးပဲနဲ့ မင်းတို့က အရင်စားနေတယ်” ဟု ပြောခဲ့သည့်အပေါ်တွင် အငြိုးထားကာ ဒီဇင်ဘာ(၃)ရက် နံနက် ၈ နာရီခန့်တွင် ကျောင်းထိုင်ဘုန်းကြီးနှင့်အတူ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် (၈)နာရီ အုန်းမောင်းခေါက်ရန် ကျောင်းပေါ်တက်သွားသော အချိန်တွင် နောက်မှလိုက်၍ သံတူရွင်းနှင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
 
တရားခံဖြစ်သူကို ကျောက်ထုနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၉၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိသည်။
 
Ref:7Day
 


Follow us on