1. Home
  2. Myanmar News

မလေးရှားဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ကို မြန်မာမူဆလင်အသိုင်းအဝိုင်းက ကန့်ကွက်ကြောင်း ထုတ်ပြန်

Myanmar News ธ.ค. 06, 2559 view 1,549
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီမူဆလင်အရေးကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင်ပါဝင်ကာ မြန်မာအစိုးရကို ဆန္ဒပြဝေဖန်ခဲ့မှုအပေါ် မြန်မာမူဆလင်အသိုင်းအဝိုင်းမှ ကန့်ကွက်ကြောင်း သိရှိရသည်။
 
မလေးရှားဝန်ကြီးချုပ်ဟာ ဘာသာရေးအကြောင်းပြပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းဟာ သူတို့ပါတီအာဏာရရှိရေး အကျိုးစီးပွားအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း မြန်မာမွတ်စလင် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ မမြတ်နိုးဦးက ပြောကြားခဲ့ပါတယ်။
အဓိကကတော့ ကျမတို့ မွတ်စလင်ပတ်ဝန်းကျင်ရဲ့အမြင်ပေါ့ ။ ဒါဘာသာရေးဆိုပေမယ့် သူ့တို့ နိုင်ငံရေးအတွက် အမြတ်ထုတ် တယ်လို့ ကျမတို့ အဲဒီလိုမှတ်ယူတယ်။ အဲဒီအတွက် ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာပြီးတော့ အဲဒီလိုမျိုး စွက်ဖက်တာ မကြိုက်ဘူး။ ဘာသာရေး ဆိုတဲ့ခေါင်းစဉ်ပေါ့နော် ကျမတို့ မွတ်စလင်ဖြစ်တယ် ဒါပေမယ့် ကျမသည် မြန်မာနိုင်ငံသူဖြစ်တယ်။ကျမသည် မြန်မာယဉ်ကျေးမူနဲ့ ကြီးပြင်းလာတယ် အဲဒီအတွက် ဒီလိုမျိုး ခြုံငုံပြီးတော့ လာတာကို ကျမက လက်မခံတာပါရှင့်။
ရခိုင်ပြည်နယ် အရေးကိစ္စဟာ အလွန်အကဲဆတ်ပြီး သတိထား ကိုင်တွယ်နေရတဲ့ အချိန်မှာ မလေးရှား ဝန်ကြီးချုပ် အနေနဲ့ အကြောင်းပြချက် လုံလုံလောက်လောက် မရှိဘဲ လူထု စည်းဝေးပွဲ ခေါ်ယူတာဟာဆိုရင် အခြေအနေတွေ ပိုပြီး ဆိုးရွားသွားစေနိုင်ကြောင်း မူစလင် အရပ်ဘက် အဖွဲ့အစည်းတွေက ရှုမြင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 
 
ဒါကျမတို့က အခုလက်ရှိဒီ မြန်မာနိုင်ငံမှာရှိနေတဲ့ မွတ်ဆလင်လူငယ်တွေပေါ့နော်။ Civil society တွေထဲမှာ ဝင်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးက အဖွဲ့အကုန်လုံးရဲ့ သဘောတူညီချက်ကို ထုတ်ပြန်တာပါရှင့်။ တခြားဟိုလို အစ္စလာမ်အဖွဲ့အစည်းတို့ တခြားအစိုးရတွေနဲ့ မဆိုင်ပါဘူးရှင့်။ အဓိကတော့ မွတ်ဆလင် လူငယ်အများစုပါတယ် ၊ ဒီအဖွဲ့အစည်း ၁၀ ခု ဝန်းကျင် ရှိတယ်ပေါ့နော် အခုညီမတို့ Statement ထုတ်ပြန်တာကတော့။ အခုညီမတို့ အခုလက်ရှိမှာပေါ့နော် ၁၀ ခု ဝန်းကျင်ရှိတယ် ကျမတို့က အားလုံး သဘောတူညီတဲ့ အချက်တွေကိုပဲ ဒီ Statement ထုတ်ပြန်တာပါ။ အားလုံးကလည်း ဒီအချက်တွေကို သဘောတူညီတယ်၊ အားလုံးက လက်ခံ တဲ့အတွက် ဒီဟာကို ထုတ်ပြန်လိုက်တာပါရှင့်။
 
Credit:VOA
 
 


Follow us on