1. Home
  2. Myanmar News

ရန်ကုန် စတော့အိတ်ချိန်းတွင် တစ်နှစ်အတွင်းကျပ် ၇၀ ဘီလီယံခန့် အရောင်းအဝယ်ဖြစ်ခဲ့

Myanmar News ธ.ค. 06, 2559 view 1,463

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်နှစ်တာအတွင်းကျပ် ဘီလီယံ ၇၀ ဖိုးခန့်ရှယ်ယာအရောင်းအဝယ်များ ဆက်တိုက်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သတင်းရှိပါတယ်။ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာစတင်ရောင်းချသည့် မတ်လတွင်ကျပ် ၂၄ ဘီလီယံကျော်ဖြင့် အများဆုံးရောင်းချခဲ့ပြီး နိုဝင်ဘာတွင်ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်ရှိ၍ အနည်းဆုံးရှယ်ယာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါတယ်။ရန်ကုန် စတော့အိတ်ချိန်း ဧပြီတွင် ရှယ်ယာရောင်းချမှုသည် ကျပ် ၅ ဒသမ ၈ ဘီယံကျော်သို့ကျဆင်းခဲ့သော်လည်း မေလတွင် ကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်အထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

သို့သော် ဇွန်လတွင် ကျပ် ၆ ဒသမ ၈ ဘီလီယံကျော်သို့ အရောင်းအဝယ်ပြန်လည်ကျဆင်းခဲ့ပြီး ရောင်းအားဆက်တိုက်ကျဆင်းခဲ့ပါတယ်။အောက်တိုဘာလတွင် ကျပ် ၄ ဘီလီယံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ “စတော့အိတ်ချိန်း အစပျိုးချိန်မှာတော့ အချိန်ယူရဦးမယ်။တစ်နှစ်အတွင်းမှာ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။အများပိုင်ကုမ္ပဏီတွေများလာပြီး ရှယ်ယာရင်းနှီးမြှုပ်နှံ့ဖို့လို့ မြင်လာဖို့အရေးကြီးတယ်။ဒါကြောင့် အောင်မြင်ပြီးကုမ္ပဏီ ဆယ်ခုလောက် အနည်းဆုံးရှိမယ်ဆိုအောင်မြင်မယ်”ဟု Thura Swiss ၏အမှုဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောပါတယ်။

Soure : 7day daily



Follow us on