1. Home
  2. Myanmar News

မုန့်ဖိုးပေး၍ (၅)နှစ်သမီးကို လိင်စော်ကားကျူးလွန်ခဲ့သူ ထွက်ပြေးတိမ်းရှောင်နေ

Myanmar News ธ.ค. 07, 2559 view 1,579
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်  ဒီဇင်ဘာ(၅)ရက်နေ့ ညနေပိုင်းက အသက်(၅)နှစ်အရွယ် ကလေးမလေးတစ်ဦးကို မိဘများနေအိမ်တွင် မရှိခိုက် အိမ်နီးနားခြင်း အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြာင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁) တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးသည် ဘုန်းကြီးကျောင်းသို့ ဝေယျာဝိစ္စများ သွားရောက်ကူညီရန် နေအိမ်တံခါးပိတ်ထွက်လာစဉ် နေအိမ်ပြင်ပ၌ ဆော့ကစားနေသော (၅)နှစ်အရွယ် သမီးငယ်ကို မတွေ့ရှိရသဖြင့် အနီးနားတွင် လိုက်ရှာခဲ့ရာ သမီးဖြစ်သူမှာ မျက်နှာချင်းဆိုင်တွင် နေထိုင်သော မြင့်ဌေး (၄၅)နှစ်၏ ခြံဝန်းအတွင်းမှ ထိုင်းဘတ်ငွေ ၂၀ တန် တစ်ရွက်ကိုင်ကာ ထွက်လာသည်ကို တွေ့ရသဖြင့် အကြောင်းစုံမေးမြန်းကြည့်ရာ သမီးငယ် လမ်းမတွင် ကစားနေစဉ် မြင့်ဌေးက လက်ယက်ခေါ်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်ပေါ်သို့ ခေါ်သွားပြီးနောက် ထိုင်းဘတ် ၂၀ ကို မုန့်ဖိုးအဖြစ်ပေးကာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့ကြောင်း သိရှိရသည့်အတွက် တာချီလိန်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။
 
 
ကျူးလွန်စော်ကားခဲ့သူ တရားခံမြင့်ဌေး (၄၅)နှစ်၊ အိမ်အမှတ်(မ/၁၆၉) အလိုတော်ပြည့် ဘုန်းကြီးကျောင်းလမ်း၊ ပါလျှံ(၁)၊ ရန်အောင်မြေရပ် ကွက်နေထိုင်သူသည် ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ၎င်းအား တာချီလိတ်မြို့မရဲ စခန်းက (ပ)၂၃၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၁၇၇ ဖြင့်အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
Ref:မြင့်မိုရ်(တာချီလိတ်)
 


Follow us on