1. Home
  2. Movie Stars - Celebrity

မြန်မာသွေးနှောသည့် ထိုင်းစူပါမော်ဒယ် ရုပ်ရှင်မင်းသမီး “အန်ခဏ”

Movie Stars - Celebrity ธ.ค. 07, 2559 view 1,716
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး စူပါမော်ဒယ်လ်တစ်ဦးဖြစ်သူ “အန်ခဏတင်မ်ဂွတ်” ရဲ့ ဖခင်ဟာ မြန်မာလူမျိုးစစ်စစ်ဖြစ်ပြီး မိခင်ကတော့ ထိုင်းအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ စီးပွားရေးဘာသာရပ်နဲ့ ဘန်ကောက်မှာ ဘွဲ့ရခဲ့ပြီး အသက် ၁၈ နှစ်အရွယ်ကစလို့ မော်ဒယ်လောကထဲ စတင်ခြေချခဲ့ပါတယ်။
 
 
အဲသည်နောက်မှာတော့ နာမည်ကြီးကုမ္ပဏီကြော်ငြာတွေမှာ ကိုယ်ဟန်ပြမယ်အဖြစ် ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးခဲ့ရပြီး အောင်မြင်တဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါတွေတင်မကသေးပဲ ကျော်ကြားတဲ့ တေးသံရှင်နဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားနှစ်ခုမှာ အကောင်းဆုံးမင်းသမီးဆု စာရင်းဝင်ကြေညာခြင်းလည်း ခံခဲ့ရသူဖြစ်ပါတယ်။ အနုပညာလောကမှာတော့ သူမကို "အန်း" လို့ လူသိများပါတယ်။ နာက်ပိုင်းမှာ တီဗီအစီအစဉ်တွေကို တင်ဆက်သူအဖြစ်လည်း အောင်မြင်မှုရခဲ့ပါတယ်။
 
 
 
ယခုသူမရဲ့ အသက်ဟာ (၅၂) နှစ်အရွယ်ရှိပြီး ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက် ကုသမှုခံယူနေရပါတယ်၊ သူမရဲ့ ရောဂါကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ကျန်းမာရေးအခြေအနေကတော့ အဆိုးဆုံးအနေအထား ရောက်နေပြီလို့ ထိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
 


Follow us on