1. Home
  2. Special or Others

အွန်လိုင်းမှာ လှောင်ပြောင်သရော်ခံရတဲ့ ဓါတ်ပုံကြောင့် ကံထူးသွားခဲ့သူ

Special or Others ธ.ค. 07, 2559 view 1,506
သန့်ရှင်းရေးအဘိုးကြီးတစ်ယောက် လက်ဝတ်ရတနာဆိုင်မှာ ပြသထားတဲ့ ရွှေထည်ပစ္စည်းတွေကို စိုက်ကြည့်နေ့တဲ့ ဓါတ်ပုံတစ်ပုံနဲ့အတူ အဆိုပါဓါတ်ပုံအောက်မှာ “အမှန်က ဒီလူကြီး အမှိုက်တွေကို စိုက်ကြည့်နေသင့်တာ” လို့ စာတန်းထိုးထားတဲ့ သရော်တဲ့ ပုံတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လှောင်ပြောင်ခံခဲ့ရပါတယ်။
 
 
“အဗ္ဗဒူလ်ကာရင်း”ဟာ အသက်(၆၅)နှစ်အရွယ် ရှိပြီဖြစ်ပေမယ့်လည်း မိသားစုအတွက် ဘင်္ဂလားဒေ့ရှ်ကနေ ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ သန့်ရှင်းရေးလုပ်သားအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ အလုပ်နားနေစဉ် ရွှေဆိုင်တစ်ခုရဲ့ရှေ့မှာ မတိတပ်ရပ်ပြီး ငေးကြည့်မိနေချိန် မည်သူက အဆိုပါဓါတ်ပုံကို ရိုက်သွားလိုက်မှန်း မသိခဲ့သလို၊ သူ့ရဲ့ ပုံနဲ့သရော်စာဟာ အွန်လိုင်းမှာ ပျံ့နှံ့နေတယ်ဆိုတာလည်း မသိခဲ့ပါဘူး။
 
 
တွစ်တာအသုံးပြုသူ “အဗ္ဗဒူလာကွာတနီ” ဆိုသူက အဆိုပါ ဓါတ်ပုံကိုတွေ့ရှိခဲ့ပြီးနောက်  လူသားချင်းစာနာစိတ်နှင့် “အဗ္ဗဒူလ်ကာရင်း” ကို စတင်ရှာဖွေခဲ့ပါတယ်။ ဓါတ်ပုံထဲက မှန်မှာ အရိပ်ထင်နေတဲ့ နေရာတွေကို ခြေရာခံပြီး ရှာဖွေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဖော်လိုဝါများကိုလည်း “အဗ္ဗဒူလ်ကာရင်း” ကို စာနာစိတ်နဲ့ ကူညီကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုကူညီဖို့ အကြောင်းရေးထားတဲ့ ပိုစ့်ကို အွန်လိုင်းမှာ ၆,၅၀၀ လောက် မျှဝေခဲ့ပါတယ်။
 
 
နောက်ဆုံးရလာဒ်ကတော့ “အဗ္ဗဒူလ်ကာရင်း” ဆီကို သူမသိတဲ့လူတွေဆီက လက်ဆောင်တွေ တစ်ဖွဲဖွဲဆက်တိုက် ရောက်လာတော့တာပါပဲ။ သူရခဲ့တဲ့ လက်ဆောင်တွေထဲမှာ ဆန်၊ ပျားရည်၊ ရွှေထည်ပစ္စည်းတွေအပြင် iPhone တွေတောင် ပါလာပါသေးတယ်။ “အဗ္ဗဒူလ်ကာရင်း” က အရမ်းပျော်ရွှင်မိကြောင်း စီအန်အန်ကို ပြောကြားခဲ့ပြီး သူ့ရဲ့ ကံကြမ္မာကို သူမယုံနိုင်အောင် ဖြစ်နေရပါတယ်။ 
 


Follow us on