ပြသနေဆဲကမ္ဘာကျော် HBO ဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့် Game of Thrones’ တွင် မျက်မမြင်အဘိုးအို အဖြစ်ပါဝင်သရုပ်ဆောင်သူ “Peter Vaughan” အသက် ၉၃ နှစ် ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
မင်းသားကြီးဟာ သရုပ်ဆောင်လောကမှာ ၇၅ နှစ်တာ ဖြတ်သန်းခဲ့ပြီး နံမည်ကျော် ဆြာအန်ထနီ ဟော့ကင်း၊ လောရင့်စ် အိုလီဗာတို့နှင့် တစ်ခေတ်ထဲ ဖြတ်သန်းခဲ့သူလည်းဖြစ်ပါတယ်။ Game of Thrones’ ဇာတ်လမ်းတွဲမှာတော့ Castle Black မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ မျက်မမြင်မာစတာကြီးနေရာက သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။
ဇာတ်ဝင်ခန်းအချို့ကို ရှုစားရင်း ဆုတောင်းလိုက်ပါတယ် "RIP Mr.Peter Vaughan"