1. Home
  2. Myanmar News

ရန်ကုန်နှင့် ဖူခုအိုကာကို ညီအစ်မမြို့တော်အဖြစ် ယနေ့ည လက်မှတ်ထိုးမည်

Myanmar News ธ.ค. 07, 2559 view 1,833

ဂျပန်နိုင်ငံရဲ့ ၅ ခု မြောက် အကြီးဆုံးမြို့တော်ဖြစ်တဲ့ ဖူခုအိုကာမြို့ကို ရန်ကုန်မြို့နဲ့ ညီအမမြို့တော်အဖြစ် နှစ်နိုင်ငံတာဝန်ရှိသူတွေက ဒီနေ့ည လက်မှတ်ထိုးပွဲ ပြုလုပ်ပြီး သတ်မှတ်ကြမှာ ဖြစ်ပါတယ်။ မြို့တော်နှစ်ခုအကြား ယဉ်ကျေးမှု၊ သမိုင်းဝင်အမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာတွေကို အတွေ့အကြုံချင်း ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်သွားရန်အတွက် ညီအမမြို့အဖြစ် သတ်မှတ် ဆောင်ရွက်မယ်လို့ ဖူခုအိုကာမြို့တော်ဝန် တခရှီမဆို အီချီရိုက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခုလို သတ်မှတ်ဆောင်ရွက်မှုကြောင့် မြို့တော်နှစ်ခုရဲ့ ဒေသခံလုပ်ငန်းရှင်တွေအကြားလည်း စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ တိုးတက်အောင်မြင်မယ်လို့ မျှော်လင့်ပြီး အခု ဘဏ္ဍာရေးနှစ်က စလို့ ရန်ကုန်မြို့တော်ရဲ့ အခြေအဆောက်အအုံတွေ ပြုပြင်တည်ဆောက်ရေးနဲ့ ရေဆိုးရေညစ်စွန့်ပစ်ရေး အကူအညီအတွက် ၂ နှစ် နည်းပညာတွေ ကူညီပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ ညီအမမြို့တော်သတ်မှတ်ရေးအတွက် ၂၀၁၅ ခုနှစ် နွေရာသီပိုင်းက ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ဒီနေ့ည ပြုလုပ်မယ့် လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်မယ်လို့ ဖူခုအိုကာမြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Credit : burmese.dvb.no

ဓာတ်ပုံ- ဖူခုအိုကာ မြို့တော်ဝန်ရုံး



Follow us on