1. Home
  2. Myanmar News

ရန်ကုန်မြို့လယ်ခေါင် (၃၈)လမ်းတွင် ဓါးထောက်၍ အနုကြမ်းစီး

Myanmar News ธ.ค. 08, 2559 view 1,510
ကျောက်တံတားမြို့နယ် (၃၈)လမ်း အလယ်ဘလောက် မြေညီထပ်တွင် ဖွင့်လှစ်ထားသော အင်္ကျီဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာလ (၇)ရက် နေ့ခင်းပိုင်းတွင် အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၇)ရက် နေ့လည် ၃ နာရီ ၅၃ မိနစ်ခန့်က (၃၈)လမ်း မြေညီထပ်တွင်ဖွင့်လှစ်ထားသော “Stylish” အထည်ဆိုင်တွင် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးထဲရှိနေစဉ် ဆိုင်အတွင်းသို့ အမျိုးသားတစ်ဦးဝင်လာပြီး လက်သည်းညှပ်တွင်ပါသော ဓါးဖြင့် ထောက်၍ အနုကြမ်းစီးခဲ့ပြီး၊ အမျိုးသမီးထံမှ လက်ဝတ်လက်စားနှင့် ဟန်းဖုန်းတို့ကို ယူဆောင်ကာ ရေချိုးခန်းအတွင်း၌ ပိတ်ထားခဲ့ပြီး ပြန်လည်ထွက်သွာခဲ့ခြင်းဖြစ်သည်။  
 
 
ဆိုင်တွင် ဝန်ထမ်းအမျိုးသမီးနှစ်ဦးခန့်ထားသော်လည်း အခင်းဖြစ်ချိန်တွင် ဝန်ထမ်းတစ်ဦးမှာ ဈေးဝယ်ရန် အပြင်သွားနေခိုက်ဖြစ်ပြီး၊ ဆိုင်တွင်ကျန်ခဲ့သော အမျိုးသမီးဝန်ထမ်းမှာ လက်ဆေးဘေဆင်တွင် လက်ဆေးနေစဉ် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး အနုကြမ်းစီးခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး၏ လက်ဝတ်လက်စားနှင့် ဟန်းဖုန်း ပါသွားခဲ့သော်လည်း ဆိုင်၏ အံဆွဲတွင်းထည့်ထားသော ငွေများ ပါသွားခြင်းမရှိပဲ ငါးမိနစ်အကြာတွင် ပြန်လည်ထွက်ပြေးသွားခြင်းဖြစ်သည်။ 
 
 
ကျူးလွန်ခဲ့သူ၏ ပုံရိပ်များကို လုံခြုံရေးကင်မရာမှ ပြန်လည်ရှာဖွေရာတွင် လွန်ခဲ့သော သုံးလခန့်က (၃၈)လမ်းတွင်းရှိ တိုက်ခန်းတစ်ခုကို ဝင်ရောက်ခိုးယူစဉ် လူမိ၍ ထွက်ပြေးလွတ်မြောက်ခဲ့သော သူပင်ဖြစ်နေကြောင်း တွေ့ရှိခဲံရသည်ဟု ရပ်ကွပ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ ပြောကြားခဲ့သည်။
 
Credit:7Day


Follow us on