1. Home
  2. Myanmar News

သာကေတ ကတ်ပီတယ် ဖေါက်ခွဲမှုတွင် သံသယရှိသူတစ်ဦး ထပ်မံဖမ်းဆီး

Myanmar News ธ.ค. 08, 2559 view 1,526
နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေက ဒေါပုံမြို့နယ်ရှိ ကတ်ပီတယ် ဟိုက်ပါမားကတ်တွင် M150 အချိုရည်ပုလင်းမှ အသေးစားပေါက်ကွဲမှု ဖြစ်စဉ်တွင် သံသယရှိသူဟု ယူဆရသူတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
 
မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်းတွင်နေထိုင်သူ ကျော်သူ(ခ)ကျော်ကြီးကို သံသယရှိသူအဖြစ် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျော်ကြီးမှာ ဖောက်ခွဲမှုအတွက် စွပ်စွဲခံထားရသူကို လိုက်လံကားမောင်းပို့ပေးသော ဒရိုင်ဘာဖြစ်ပြီး စီစီတီဗီပုံရိပ်များတွင် အဆိုပါ ပုဂ္ဂိုလ်နောက်မှ အထုတ်များကိုင်လျှက် လိုက်ပါလာသည်ကို ဖော်ထုတ်တွေ့ရှိခဲ့ရသဖြင့် သံသယရှိသူအဖြစ် စစ်ဆေးမေးမြန်ရန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်ထိ M150 အချိုရည်ပုလင်းဖြင့် အစိုးရရုံးဌါနများအပါအဝင် အများပြည်သူသွားလာသော နေရာများတွင် ဖြစ်ပွားခဲ့သော အသေးစားပေါက်ကွဲမှုအတွက် သံသယရှိသော တရားခံများကို ဖမ်းဆီးထားပြီး စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သိရှိရသည်။
 
 
Ref:7Day
 


Follow us on