1. Home
  2. Myanmar News

လက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်

Myanmar News ธ.ค. 08, 2559 view 1,569
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် KIA ၊ TNLA နှင့် MNDAA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ဒီဇင်ဘာလ (၇)ရက်နေ့က သတ်မှတ်လိုက်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
 
ထိုအဖွဲ့ သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ရေး အဆိုကို ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်မှူးကြီး(ငြိမ်း) အောင်သူက ဒီဇင်ဘာ (၆)ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လျှို့ဝှက်မဲပေးစနစ်နှင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့မှုအပေါ်  တအောင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဒါဟာတပ်မတော်ရဲ့ သဘောထားလို့ပဲ နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။
 
ပြည်နယ်လွှတ်တော်မှာတင် ဆုံးဖြတ်ပြီးစီးခဲ့သည့် ကိစ္စဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။
 
Ref:7Day
 


Follow us on