လွန်ခဲ့သော ရက်သတ္တပတ်က ကိုလံဘီယာကလပ်အသင်းနှင့် Copa Sudamericana ဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရန် ဘရာဇီးကလပ်အသင်း စီးနင်းလာသော လေယာဉ်ပျက်ကျခဲ့မှုကြောင့် ဘရာဇီးကစားသမား အများအပြား သေဆုံးခဲ့ရခြင်းဖြစ်သည်။
ကိုလံဘီယာကလပ်အသင်းက သေဆုံးသွားခဲ့သော ကစားသမားများအား လေးစားဂုဏ်ပြုသည့်အနေနှင့် ယခုနှစ်အတွက် Copa Sudamericana ဖလားကို ဘရာဇီးကလပ်အသင်းအား ပေးအပ်ရန် တိုက်တွန်းခဲ့ခြင်းကြောင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ကွန်မီဘိုက ဒီဇင်ဘာ ၆ ရက်နေ့တွင် ဘရာဇီးအသင်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေယာဉ်ပျက်ကျခဲ့မှုတွင် ခရီးသည် ၇၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆ ဦးသာ အသက်ရှင်ကျန်ရစ်ကာ ဘရာဇီးတစ်နိုင်ငံလုံး ဝမ်းနဲကြေကွဲရသည့် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ခဲ့သည်။