1. Home
  2. Myanmar News

နေရာမရသေးသော လမ်းဘေးဈေးသည်များ ရန်ကုန်မြို့လည်ခေါင်တွင် ဆန္ဒပြမည်

Myanmar News ธ.ค. 08, 2559 view 1,727
ရန်ကုန်မြို့လည် မြို့နယ်လေးမြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား) မှ နေရာအတည်တကျမရရှိသေးသော လမ်းဘေးဈေးသည်များ စုစည်းကာ နေရာရရှိရေးအတွက် ဒီဇင်ဘာ (၉)ရက်နေ့တွင် စီတန်းလှည့်လည် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။
 
နေရာထိုင်ခင်း သတ်မှတ်ရန်အတွက် စည်ပင်သာယာမှ စာရင်းများ ကောက်ခံသွားသော်လည်း ယနေ့အထိ ထူးခြားခြင်းမရှိသေးတဲ့အတွက် ဈေးရောင်းချရန် အခက်အခဲနှင့် ကြုံတွေနေရကြောင်း လမ်းဘေးဈေးသည်များက ပြောကြားသည်။
ကျွန်မတို့အပြင်ဒီကဈေးသည်တွေအကုန်လုံးလိုလို ပါဝင်ကြမှာပဲ သူတို့က နေရာထိုင်ခင်းပေးမယ်ဆိုပြီး ဓါတ်ပုံတွေလာရိုက်တယ်။ ပြီးတော့ဘာသတင်းမှမကြားရတော့ဘူး။ ကျွန်မအဲဒီကိစ္စအတွက်ရုံးလိုက်သွားတယ် ရုံးရောက်တော့ ဟိုလူ့မေးရမလို ဒီလူ့မေးရမလိုနဲ့တစ်ယောက်မှလည်း အရေးမစိုက်ကြဘူး။ ဒီနေ့လည်းလာပြန်ပြီ နင်တို့ဈေးဗန်းတွေမဖယ်သေးဘူးလားတဲ့ ဘာတွေဘယ်လိုဆက်လုပ်ရမှာလဲ“ လို့ အသီးအနှံရောင်းချသူ ဒေါ်သန်းသန်းအေးက ဆိုပါတယ်။
 
လက်ရှိတွင် စည်းကမ်းလိုက်နာခြင်းမရှိသော လမ်းဘေးဈေးသည်များကို စည်ပင်သာယာမှ လိုက်လံသိမ်းဆည်းလျှက်ရှိပြီး “ ဆန္ဒပြတာမပြတာ သူတို့အခွင့်အရေးပါပဲ ကျွန်တော်တို့တွေလည်း အခြေအနေသင့်ရင်သင့်သလို လုပ်ပေးသွားမှာပါ အခုလည်းသားငါးကုန်စိမ်းသည်တွေကို
မနက်ဘက်မှာရောင်းလို့ ရဖို့ကိုစီစဉ်ပေးထားတယ်လေ သူတို့ကိုအခြေအနေသင့်ရင် သင့်သလိုစီစဉ်ပေးသွားမယ်လို့ ပြောပြီးသားပါ“ ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံဌာနမှ ဒု-ဌာနမှူး ဦးညီညီဦးက ပြောကြားခဲ့သည်။
 
Credit:ကုမုန္ဒြာ
 


Follow us on