1. Home
  2. Myanmar News

လမ်းမတော်မြို့နယ်တွင် မြေအောက်ဓာတ်အားလိုင်းကြိုး ပေါက်ကွဲ

Myanmar News ธ.ค. 09, 2559 view 1,543
ဒီဇင်ဘာလ ၈ ရက်နေ့ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်  လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းနှင့် ၁၁လမ်းထောင့်ရှိ ထရန်စဖော်မှာတွင် အပူလွန်ကဲရာမှ မြေအောက်ဓာတ်အားလိုင်းကြိုး ပေါက်ကွဲရာ လျပ်စစ်မီးများပြတ်တောက်ခဲ့ပြီး မြို့နယ်လျပ်စစ်မှ တာဝန်ရှိသူများ လာရောက်ပြင်ဆင်ရာ နံနက် ၂ နာရီခန့်တွင်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်သည်။
 
 
အဆိုပါ ဓာတ်အားကြိုးတွင် ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားကာ မီးပြတ်တောက်ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ 
အပူချိန်ပြင်းတော့ လောင်သွားတာပေါ့ သုံးစွဲတဲ့ load နေရာကပေါ့ ညပိုင်းကျတော့ air con. ဘာညာဖွင့်တော့ load များတာပေါ့ နဲနဲပူသွားတာပေါ့” ဟု မြို့နယ်လျပ်စစ်မန်နေဂျာ ဦးဇော်ဝင်းမှ ပြောသည်။
ဘာမှတော့ ကြီးကြီးမားမားမရှိပါဘူး ကြိုးအပြစ်ကတော့ ကျိန်းသေတာပေါ့ ကြိုးကလောင်သွားတာ” ဟု အရေးပေါ်ပြုပြင်ရေးဌာနမှ ဦးမိုးဇော်ကပြောသည်။
 
အစ်ကို သိရသလောက်တော့ ဒီအိုးကခန့်မှန်းပြောရမယ်ဆိုရင် အနည်းဆုံး ၇ နှစ် ၈ နှစ်လောက်တော့ရှိပြီ နွေရာသီနဲ့ မိုးရာသီတွေမှာပိုဖြစ်တယ် ခုနောက်ပိုင်း ပြည်သူ့အစိုးရလက်ထက်မှာတော့ သူတို့လည်းလာ၊ လာလုပ်ပေးတယ် အစ်ကို့အမြင်ကတော့ ဒါကိုဘာလို့မပြင်နိုင်သေးတာလဲ နည်းပညာမရှိလို့လားပေါ့ ဒီနှစ်ထဲမှာဆို သုံးကြိမ်ရှိသွားပြီ” ဟု လှည်းတန်းလမ်းနေ ဦးအောင်အောင်က ပြောသည်။
အဆိုပါထရန်စဖော်မာနှင့် ဓာတ်အားလိုင်းမှ ၁၁ လမ်း(လယ်/အောက်)၊ ၁၂ လမ်း (အောက်) နှင့် လှည်းတန်းလမ်းတို့ကို သိမ်ကြီးဈေးဓာတ်အားခွဲရုံမှ လျပ်စစ်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
 
Credit:CNM
 


Follow us on