1. Home
  2. Myanmar News

ဆေးရုံးကြီး အမိုးပေါ်တက်ပြီး ခုန်ချကာ မိမိကိုယ်ကိုယ်သေကြောင်းကြံခဲ့သူ

Myanmar News ธ.ค. 09, 2559 view 1,535
ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းတွင် ပြည်မြို့ အထွေထွေရောဂါကုဆေးရုံးကြီး၏ ခွဲစိတ်နှင့် သားဖွားဆောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသွားခဲ့သော်လည်း အချိန်မီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်မှာ အဆိုပါ အမျိုးသားသည် ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-ပြည် ကားလမ်းဘေးတစ်နေရာတွင် လဲနေသည်ကိုတွေ့ရှိခဲ့သည့်အတွက် မိုးမေတ္တာနာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်နှင့် သယ်ဆောင်ကာ ဆေးရုံးကြီးသို့ လူနာအဖြစ် တင်ပို့ပေးခဲ့သည်။ လူနာနှင့်ပက်သက်သည့် အချက်လက်များနှင့် လူနာရှင်ကို ရှာဖွေရန် နာရေးကူညီမှုအဖွဲ့မှ လိုက်လံစုံစမ်းနေစဉ်၊ နေ့လည်ပိုင်း၌ လူနာမှာ စိတ်ဖောက်ပြန်ပြီး ဆေးရုံအမိုးပေါ်တက်ကာ ခုန်ချခဲ့မည်ပြုသည့်အတွက် အခြားလူနာစောင့်များမှ လိုက်လံ ဆွဲထားခဲ့သော်လည်း လူနာမှာ ဆွဲထားသည့်ကြားမှ အတင်းရုန်းထွက်ကာ အမိုးပေါ်တက် ခုန်ချခဲ့သည်။ 
သို့သော် ဆေးရုံဝန်ထမ်းများက ကြိုတင်ကာကွယ်သည့်အနေနှင့် မြေပြင်ပေါ်တွင် မွေ့ယာများ ဆိုဖာများ အောက်ကခံပေးထားခဲ့ကြသည့် အတွက် အသက်အန္တရာယ်မရှိခဲ့သော်လည်း ဆေးရုံးအမိုး အမြင့်မှာ ပေ ၃၀ ရှိသည့်အတွက် ခုန်းချသည့် အရှိန်ကြောင့် ခါးဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။
 
လူနာမှာ အသက် (၆၅)နှစ် ရှိပြီဖြစ်ပြီး အရက်သောက်တတ်သူတစ်ဦးဖြစ်ကာ စိတ်ပုံမှန်မဟုတ်ကြောင်း သိရှိရသည်။ လူနာ၏ ဇနီးဖြစ်သူနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။ 
 
Ref:မြစ်မခမီဒီယာ


Follow us on