1. Home
  2. Myanmar News

ဘင်္ဂါလီကလေးငယ်ကို မြန်မာစစ်သားနှိပ်စက်သည်ဟု သတင်းမှားဖော်ပြသည့် ဒေးလီးမေးလ်ကို အစိုးရတုံပြန်မည်

Myanmar News ธ.ค. 09, 2559 view 1,554
ဘင်္ဂါလီကလေးငယ်အား မြန်မာစစ်သားက ရယ်ရယ်မောမောနဲ့ ကျင်စက်ဖြင့်တို့ကာ နှိပ်စက်နေတဲ့ ကြေကွဲစရာမြင်ကွင်း…” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းအမှားတစ်ပုဒ်ကို ဗြိတိန်အခြေစိုက် ဒေးလီးမေးလ်သတင်းဌါနက  ဒီဇင်ဘာ(၇) ရက်နေ့တွင် ၎င်းတို့၏ ဝဘ်ဆိုက်စာမျက်နှာတွင် ဗီဒီယိုနှင့်တစ်ကွ ဖော်ပြထားခဲ့ပါတယ်။
 
သတင်းအမှန်မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဗီဒီယို အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးနောက် နှိပ်စက်ခဲ့သူများဖြစ်ကြတဲ့ ဒတ်ခ်ျလူမျိုးတစ်ဦးနှင့် ကမ္ဘောဒီးယားလူမျိုး နှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။ နှိပ်စက်ခံ ကလေးငယ်၏ မိဘများက ဒတ်ခ်ျလူမျိုး ပိုင်ဆိုင်သော လယ်မြေတွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်သည်။ ကလေးငယ်မှာ မည်သည့်ဒဏ်ရာမျှ ရရှိခြင်း မရှိပဲ အသက်ရှင်နေသော်လည်း အဓ္ဓမပြုကျင့်ခံထားရကြောင်း လုံလောက်တဲ့ အထောက်အထားများရှိကြောင်း ကမ္ဘောဒီယား ရဲတပ်ဖွဲ့က ဆိုသည်။ 
 
ဖော်ပြပါသတင်းကို မြန်မာနိုင်ငံတွင် ဘင်္ဂါလီကလေးငယ်တစ်ဦးအား မြန်မာစစ်တပ်သားမှ ရယ်မောလျှက် ကျင်စက်ဖြင့် နှိပ်စက်နေသည့် မြင်ကွင်းဟု မဟုတ်မမှန်သတင်းကို အင်္ဂလိပ်ဘာသာဖြင့် ချဲ့ကားပြီး ရေးသားခဲ့သည့်အတွက် နိုင်ငံတစ်ကာမှ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲလာစေနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထောက်ပြခဲ့သည်။ ဒေးလီးမေလ်က ရေးသားခဲ့သည့် သတင်းအမှားအောက်တွင် သတင်းမှားနေကြောင်း ဝေဖန်ထောက်ပြမှုများ များလာသည့်အတွက် အဆိုပါသတင်းအား ဝဘ်ဆိုက်မှ ပြန်လည်၍ ဖြုတ်ချခဲ့သည်။
 
ထိုကဲ့သို့ သတင်းဆောင်းပါးအမှား ဖော်ပြရေးသားမှုနှင့် ပက်သက်ပြီး မြန်မာအစိုးအရအနေနဲ့ ဥပဒေကြောင်းအရ မီဒီယာလုပ်ထုံးလုပ်နည်းအရ တုံ့ပြန်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီဇင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
Ref:7Day


Follow us on