1. Home
  2. Myanmar News

ယာဉ်စည်းကမ်းချိုးဖောက်၊ ရမ်းကားတဲ့ ဘတ်စ်ကားများ လုပ်ငန်းလိုင်စင် ရာသက်ပန်ပိတ်နိုင်ဖွယ်ရာရှိ

Myanmar News ธ.ค. 09, 2559 view 1,510
အများပြည်သူ နေ့စဉ်အသုံးပြုနေကြတဲ့ ဘတ်စ်ကားများပေါ်တွင် ရန်ပြုရမ်းကား ရိုက်နှက်ခြင်း၊ ယာဉ်စည်းကမ်းချိုးဖောက်မှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူများ မကြာခဏ ဖြစ်ပေါ်နေသည့်အပေါ် ယင်းကိစ္စများအတွက် မည်သည့် ဌါနမှာ တာဝန်ရှိပြီး မည်သို့ဆောင်ရွက်သွားမည့် အစီအစဉ်များကို မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေးမြန်ခဲ့သည်။
 
အဆိုပါမေးခွန်းကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအပြအမူများ ကျူးလွန်သည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ဘတ်စ်ကားများကို လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းခြင်း၊ စီအန်ဂျီထုတ်ယူခွင့် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
 
လက်ရှိတွင် ပြစ်မှုကျူးလွန်သည့်အတွက် ယာဉ်လိုင်းပြေးဆွဲခွင့် ခြောက်လပိတ်သိမ်းမှုများ ပြုလုပ်နေသော်လည်း အခြားလိုင်းတစ်ခုမှာ နားလည်မှုယူပြီး ပြေးဆွဲလျှက်ရှိကြောင်း သိရှိရသည့်အတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Ref:မော်ဒန်
 


Follow us on