1. Home
  2. Movie Stars - Celebrity

ငွေတွေ ပြန်ရတယ်ဆိုတာ မဟုတ်ကြောင်း နဲ့ ကဗျာဘွဲ့မှူး အမှု ကို CID ကိုတိုင်ကြားထားတယ်လို့ ရှင်းလင်းခဲ့တဲ့ မေခလာ

Movie Stars - Celebrity ธ.ค. 09, 2559 view 1,661
လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ ငွေကြေးရှယ်ယာတွေကို လိမ်လည်သွားတဲ့ ကဗျာဘွဲ့ မှူး တစ်ယောက် ရဲစခန်းမှာ လာအဖမ်းခံလို့ အနုပညာရှင်အချို့လဲ အလိမ်ခံရတဲ့ ငွေတွေ ပြန်ရသွားပီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ထိုသတင်းတွေနဲ့ ပတ်သတ်ပြီး အဆိုတော် မေခလာက ဒီသတင်းဟာ သတင်းအမှားကြီးဖြစ်ကြောင်း မေခလာ ဦးဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။ 
 
 
အဆိုတော် ကဗျာဘွဲ့မှူးဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က အနုပညာရှင်တချို့နဲ့ မိတ်ဆွေတချို့ဆီက လုပ်ငန်းအတွက် အစုရှယ်ယာဝင်ဖို့ ဆိုပြီး ကျပ်သိန်းပေါင်း ၁၀၀၀၀ ခန့် လိမ်လည်သွားပြီး ပုန်းရှောင်နေခဲ့တာလဲ ဖြစ်ပါတယ်။ ငွေကြေးလိမ်ခံ ရသူ ၂၀ ခန့် ရှိပြီး  မေခလာ ၊ ဆုန်သင်းပါ ၊ ဘိုဖြူ ၊ ကော်နီ စတဲ့ အနုပညာရှင် တွေ အပါ အဝင် စီးပွားရေး လုပ်ငန်းရှင် တွေလည်း ပါဝင်ခဲ့ ပါတယ်။ 
 
 
မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆိုတော် မေခလာက “ ဒါအမှန်တရားကို ဖော်ပြပေးတဲ့ပွဲပါ လူတွေရဲ့ အမြင်မှာ ဒီအမှုက အားလုံးပြီးသွားပြီ ပိုက်ဆံတွေလဲ ရသွားပြီ ဆိုပြီး ပရိသတ်တွေ ပျော်နေကြတယ်၊ ဒါမဟုတ်ကြောင်း ဖြေရှင်းခြင်းဖြစ်ပါတယ်။ နောက်တခု က ပရိတ်သတ်တွေကို သိစေချင်တာကတော့ မှုခင်းစာစောင်တွေမှာ တွေ့မှာပါ ကဗျာဘွဲ့မှုးက လာပြီး ဝန်ခံသွားတယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါ wrong message ပါ” လို့ ပြောသွားခဲ့ပါတယ် ။ 
 
 
 


Follow us on