1. Home
  2. Special or Others

ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းပါရှိသည့် ပယင်းကျောက် မြန်မာပြည်တွင်တွေ့ရှိ

Special or Others ธ.ค. 11, 2559 view 1,640
အနည်းဆုံး နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိမည်ဟု ယူဆရသော ပယင်းကျောက်တစ်လုံးတွင် ဒိုင်နိုဆောရုပ်ကြွင်းပါရှိသည်ကို တွေ့ရှိခဲ့ရပြီး  အဆိုပါပယင်းကျောက်မှာ မြန်မာပြည်မှ ထွက်ရှိခဲ့ခြင်းဖြစ်သည်။
 
လွန်ခဲ့သောနှစ်က မြန်မာပြည်မြောက်ဖျားရှိ ပယင်းကျောက်ဈေးကွက်တွင် တရုပ်နိုင်ငံတက္ကသိုလ်မှ ဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် “လီဒါကျင်း” ရှာဖွေ ဝယ်ယူရရှိခဲ့သော ပယင်းကျောက်တစ်လုံးထဲတွင် ဒိုင်နိုဆောငယ်၏ အမြီးဖျားက အမွှေးအမျှင်အသားစများနှင့်အတူ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သူမကိုယ်တိုင် အစကမသိရှိခဲ့ပဲ လက်ဝတ်တန်ဆာအဖြစ်သာ ဝတ်ဆင်နေခဲ့ခြင်းဖြစ်သည်။
 
သိပ္ပံပညာရှင်များ၏ ဆန်းစစ်ချက်အရ ခြေနှစ်ချောင်းသားပါရှိသည့် ဒိုင်နိုဆောငယ်တစ်ကောင်ဟာ သူ့ရဲ့အမြီးနဲ့ သစ်စေးများနဲ့ ကပ်ညိခဲ့ပြီးနောက် ရုန်းထွက်မရနိုင်ပဲ သေးဆုံးခဲ့ရဖွယ်ရှိကြောင်း၊ သစ်ပင်ရဲ့ အစေးဟာ သတ္တဝါအငယ်တွေအတွက် လွတ်လမ်းမရှိတဲ့ ထောင်ချောက်လိုဖြစ်နေပြီး အိမ်မြှောင်တွေလို သူတို့ရဲ့ အမြီးကို ဖျက်ချမထားနိုင်ပဲ သေဆုံးခဲ့ပြီး နောက်ဆုံးမှာ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ကျန်ခဲ့တယ်လို့ ယူဆထားကြပါတယ်။
 
အဆိုပါပယင်းကျောက်မှာ တရုပ်ဇီးသီးအရွယ်အစားခန့်ရှိပြီး ၁ လက္မခွဲခန့် ဒိုင်နိုဆော၏ အသားစ၊ အမွှေးနှင့် အရိုးစလေးတွေပါနေတာဖြစ်ပါတယ်။ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ဇာတ်ကားတစ်ကားဖြစ်တဲ့ “Jurassic Park” တွင်လည်း ပယင်းကျောက်ထဲရှိ ကျောက်ဖြစ်ရုပ်ကြွင်း ခြင်တစ်ကောင် စုပ်ယူထားသော ဒိုင်နိုဆော၏ ဘီဇ(DNA) နှင့် သတ္တဝါကြီးများကို ပြန်လည်၍ ဖန်တီးခဲ့ကြသည်။
 
မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံမှ ထွက်ရှိသော ပယင်းကျောက်တွင် ဒိုင်နိုဆော၏ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းက ကမ္ဘာကြီး၏ သမိုင်းကြောင်းနှင့် ဇိဝကာမဖြစ်စဉ်တို့ကို သိပ္ပံပညာနှင့် လေ့လာရတွင် များစွာအထောက်အကူ ဖြစ်နိုင်ပါလိမ့်မည်။
 


Follow us on