1. Home
  2. Special or Others

ပြင်ဦးလွင် ပန်းပွဲတော် ပန်းအတု များ ထည့်သွင်းပြသသွားမည်

Special or Others ธ.ค. 12, 2559 view 2,014

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးမှာ နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ၁၁ နစ်ပြည့် ပန်းပွဲတော်မှာ ယခုနှစ် အတွက် ပန်းအတု ၂၅ ရာခိုင်နှုန်း ထည့် သွင်းပြသသွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ် ။

ပန်းပွဲတော် ကို နှစ်စဉ် ဒီဇင်ဘာ လမှာ ကျင်းပ ပြုလုပ်လေ့ ရှိပြီး ပန်းပွဲတော် ဧရိယာ အတွင်း ရုပ်လုံး ၊ ရုပ်ကြွ များထည့် သွင်းပြသရာ ၌ပန်းအတုများနှင့် သာ ဖန်တီးရသဖြင့် ပန်းအတု ကို ထည့်သွင်း အသုံးပြုရခြင်း ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ် အထွေထွေ မန်နေဂျာ က ပြောသွားခဲ့ပါတယ် ။

“ရုပ်လုံး ရုပ်ကြွ တွေ ပြုလုပ်တဲ့ အခါ ပန်းအစစ် က တပတ်လောက်နဲ့ ညှိုးသွားတဲ့ အတွက် ပန်းအတုတွေကို ရောသုံးထားရခြင်း ဖြစ်ပါတယ် ။ လာကြည့်တဲ့ လူတွေက ပန်းအစစ်နည်းပြီး အတုများနေတယ် ဆိုတဲ့ ပြောသံတွေကြောင့် ပန်းအတု ကို တက်နိင်သလောက် လျှော့ ထားပါတယ်” လို့လဲ တာဝန်ရှိသူတွေ က ပြောထားပါတယ် ။ 

ပန်းပွဲတော် ကို ဒီဇင်ဘာ ၁၅ ရက်မှ ၃၀ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ် ။ ထိုင်း၊ တရုတ်နိုင်ငံတို့ ရှိ ပန်းပွင့်များ အပါအ၀င် အပွင့် တစ်သိန်းနှစ်သောင်း ခန့် ပြသမှာလဲ ဖြစ်ပါတယ် ။

အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ ပန်းမျိုးစုံ ပြသထားသည့် အပြင် လိပ်ပြာ ပြတိုက် ၊ အင်ကြင်း ပြတိုက် ၊ ရုပ်ကြွင်း ပြတိုက် ၊ သစ်ခွ ဥယျာဉ် တို့ကို လည်းပြသထားပါတယ်။ ၀င်ကြေးအနေနဲ့ လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ် ၊ ကလေးတစ်ဦး လျှင် ၅၀၀ ကျပ် ကောက်ခံပြီး ပွဲတော် ကာလ များတွင် လူဦးရေ တစ်သိန်းကျော် ၀င်ရောက် လေ့ ရှိပါတယ်။

Credit:7day daily



Follow us on