iPhone 7 Plus နဲ့ ဒီနေ့ခေတ်မှာရှိတဲ့ အခြားအထက်တန်းစား စမတ်ဖုန်းတွေဟာ အရမ်းကို ကောင်းမွန်ပြီး လေးစားလောက်အောင် ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ တကယ်လို့ သင်အဲဒါကို သံသယရှိတယ်ဆိုရင် အချိန်ပြည့် ရုပ်ရှင်သမား ဖြစ်တဲ့ Parker Walbeck ရဲ့ နှိုင်းယှဉ်ပြထားတဲ့ ဗွီဒီယိုလေးကို ကြည့်ကြည့်လိုက်ပါ။ သူက iPhone 7 Plus နဲ့ သူ့ရဲ့ ဒေါ်လာ ငါးသောင်းတန် RED Weapon ကို ယှဉ်ထားတာပါ။ ရလဒ်ကတော့ ဆက်ကြည့်လိုက်ပါ။ အဲဒီလို နှိုင်းယှဉ်ချက်တွေအရ ကျွန်တော်တို့အနေနဲ့ ဟုတ်တယ်၊ မှန်တယ်လို့ စပြီးပြောရပါတော့မယ်။ ဓါတ်ပုံရိုက်စားနေတဲ့သူတွေအတွက် ချိန်ညှိချက်တွေများစွာပါဝင်တဲ့ ဒေါ်လာငါးသောင်းတန် ကင်မရာက iPhone ထက် ကောင်းတယ်ဆိုတာကိုပါ။ Spielberg က သူ့ရဲ့ ဂီယာကို စမတ်ဖုန်းတွေအတွက် ရောင်းမှာမဟုတ်ပါဘူး။ Walbeck က iPhone 7 Plus ကို စိန်ခေါ်ဖို့သက်သက်အတွက်ပဲ ဗွီဒီယိုလေးကို ပြုလုပ်ခဲ့တာပါ။ အဲဒီဗွီဒီယိုရဲ့ ရည်ရွယ်ချက်ကတော့ နှိုင်းယှဉ်မယ်၊ စပ်စုမယ်၊ ကျီစားမယ် ဒါလောက်ပါပဲ။
တစ်ချိန်တည်းမှာပဲ iPhone နဲ့ သူ့ရဲ့ ဒေါ်လာငါးသောင်းတန် RED Weapon ကင်မရာကို ယှဉ်ပြီး ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးသူတွေလို သူလိုအပ်တာကတော့ တိပ်များများစားစား လိုအပ်တာပါပဲ။ ပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်ကတော့ သူ့ရဲ့ နှိုင်းယှဉ်ချက်ဟာ ပညာပေးမှုတွေပါဝင်ပြီး ထိုးနှက်မှုတွေ၊ လှောင်ပြောင်တာတွေ မပါဝင်ပါဘူး။ Walbeck က ဒီဗွီဒီယိုထဲမှာ တော်တော်လေးပြောထားပါတယ်။ “အခု ကျွန်တော်တို့ RED အကြောင်း နားမထောင်ခင်မှာ ကင်မရာနှစ်လုံးရဲ့ ကွာခြားချက်ကို ကျွန်တော်နားလည်ပါတယ်။ ပြီးတော့ RED Weapon မှာ ပိုကောင်းတဲ့ ကင်မရာအရည်အသွေးရှိတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်” လို့ ဆိုပါတယ်။ “ကျွန်တော်အခုလိုလုပ်ရတဲ့အကြောင်းရင်ကတော့ Facebook နဲ့ Youtube မှာ ကြည့်နေတဲ့ ဗွီဒီယိုတွေရဲ့ 90% ဟာ ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကင်မရာနှစ်လုံးရဲ့ ကွာခြားမှုက အရမ်းကို သိသာထင်ရှားနေတာမျိုး မဟုတ်ပါဘူး။ တကယ်လို့ သင်သာ သင့်ရဲ့ကင်မရာကို သူ့ရဲ့လုပ်နိုင်စွမ်းတွေကို အကောင်းဆုံးနဲ့ အစွမ်းကုန် အသုံးချနိုင်ခဲ့မယ် ဆိုရင်ပေါ့လေ” ဓါတ်ပုံတွေကို Screengrab နဲ့ JPG ကို ပြောင်းလိုက်ပါတယ်။ ပြီးတော့ 800px ကျယ်ဝန်းတဲ့ blog မှာ တင်ကြည့်ပါတယ်။ ပုံနှစ်ပုံကို ကြည့်ပြီးတော့ ဘယ်ပုံက iPhone ၊ ဘယ်ပုံက RED Weapon နဲ့ရိုက်ကူးထားတဲ့ပုံဆိုတာ ပြောနိုင်နေပါသေးတယ်။ ပြောချင်တာက သင် Youtube မှာ 4K လှုပ်ရှားဓါတ်ပုံတွေကို ကြည့်နေတဲ့အခါမှာ ရွေ့လျားနေတဲ့အတွက် သတိမထားမိနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ မျက်စိအကျင့်မရသေးလို့ပါ။ ဒါကြောင့် iPhone 7 Plus က ကိုယ်ပိုင်အရည်အသွေးတစ်ခုနဲ့ ရပ်တည်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာငါးသောင်းတန် ကင်မရာနဲ့ရိုက်ကူးထားတဲ့ လှုပ်ရှားဓါတ်ပုံတွေမှာဆိုရင် မသိမသာလေး ယှဉ်နိုင်နေလို့ပါပဲ။ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပါတယ်။ ဒေါ်လာငါးသောင်းတန် ရုပ်ရှင်ကင်မရာနဲ့ ဒေါ်လာခြောက်ထောင်တန် အိတ်ဆောင်ကွန်ပျူတာ ဆိုတော့ ဘယ်တစ်ခုက အနိုင်ရမလဲ။ ဒါပေမယ့် ဒေါ်လာခြောက်ထောင်တန်ကင်မရာနဲ့ အရည်အချင်းရှိတဲ့ ရုပ်ရှင်သမားတစ်ယောက် ဘာတွေလုပ်နိုင်သလဲဆိုတာကို မြင်လိုက်ရခြင်း၊ ဒေါ်လာငါးသောင်းတန် ကင်မရာနဲ့ ဘယ်လိုယှဉ်နိုင်ခြင်း စတာတွေကို မြင်ရမှာပါ။ အဲတော့ ဒေါ်လာ ၁၂၀၀ တန် 85mm lens ကိုပဲ ၀ယ်ဝယ်၊ ဒေါ်လာ ၁၉၀၀ တန်ကိုပဲ ၀ယ်ဝယ် ကိစ္စမရှိတော့ပါဘူး။
Credit : myanmarmobileapp
comment