ပြင်သစ် ရုပ်ရှင် ကုမ္ပဏီ Gaumont က ‘Train to Busan’ ရုပ်ရှင်ကားကို ပြန်လည် ရိုက်ကူး ဖို့ တရားဝင် စာချုပ်ချုပ်ဆိုပြီး လက်မှတ်ရေးထိုးပြီးပါပြီ ။
Train to Busan ရုပ်ရှင် မူလ ထုတ်လုပ်သော New ကုမ္ပဏီ မှ ဒါရိုက်တာက “ကမ္ဘာ့ရုပ်ရှင်လောက မှာ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Gaumont ပြင်သစ် ရုပ်ရှင် စတူဒီယို နဲ့ အတူတူ အလုပ်လုပ် ရမှာ အရမ်းဝမ်းသာပါတယ်။ ကိုရီးယား ရုပ်ရှင်လောက အတွက် ကမ္ဘာ အရပ်ရပ်က ပရိတ်သတ်တွေနဲ့ ပိုပြီးရင်းနှီး ဖို့ အခွင့်အရေး တစ်ခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောသွားခဲ့ပါတယ် ။
Gaumont ကုမ္ပဏီ ကလည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Train to Busan ကြည့်ခဲ့ ရတဲ့ အချိန် အရမ်းကို သဘောကျခဲ့ပါတယ် ။ အမေရိကန် ရုပ်ရှင်ချစ် ပ၇ိတ်သတ်အတွက် စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားတစ်ကားကို အကောင်းဆုံးရိုက်ကူးထုတ်လုပ် သွားမှာပါ လို့ တာဝန်ရှိသူတွေက ပြောကြားသွားခဲ့ပါတယ် ။
credit:7day daily