1. Home
  2. Special or Others

ဟွာဝေးဖုန်း အတုအစစ် ဘယ်လိုခွဲမလဲ

Special or Others ธ.ค. 12, 2559 view 1,668

- မိုဘိုင်းလ်ထုတ် ကုန်တွေ ဝယ်ယူသုံးစွဲသူတွေ အနေနဲ့ သက်ဆိုင်ရာ စမတ်ဖုန်း  ထုတ်လုပ်တဲ့ ကုမဏီရဲ့ အာမခံချက်၊ အ ရည်အသွေးနဲ့ ဝန်ဆောင်မှုတွေရရှိဖို့  အတွက် ထုတ်ကုန်အစစ်  ဖြစ်ဖို့လိုအပ်ပါတယ်။ တရားဝင်  ထုတ်ကုန်နဲ့ တရားမဝင် ထုတ်ကုန်တွေ၊ ပြင်ဆင်ရောင်းချထားတဲ့ ကုန်ပစ္စည်းတွေ အကြား ခွဲခြား စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဟွာဝေး ဟန်းဆက်တွေ တရားဝင်ဟုတ်မဟုတ်ကို IMEI Code နဲ့ စစ်ဆေးနိုင်ပါတယ်။ IM-EI Code နဲ့စစ်ဆေးရန် *#06#ကို  နှိပ်ပါ။ IMEI Code ထွက်လာပါလိမ့်မယ်။

- ထို  IMEI Code နဲ့ Handset ဘူးခွံမှာ ပါဝင်တဲ့ IMEI  Code နဲ့  တိုက်ကြည့်ပါ။ တူညီနေရင် တရားဝင်အလုံးဖြစ်ပါတယ်။ QR Code နဲ့  လည်း စစ်ဆေး နိုင်ပြီး ဘူးခွံမှာပါတဲ့ QR  Code ကို wechat သို့မဟုတ်   ဗိုက်ဘာ တို့နဲ့ စကင်န်ဖတ်၍ လည်းကောင်း၊ သို့ မဟုတ် http://consumer.huawei. com/mm/support/warranty-query/index.htm ကို ရိုက်နှိပ်၍ သော်လည်းကောင်း  ဟွာဝေးဝက်ဘ်ဆိုက်ရဲ့ IMEI စစ်ဆေးတဲ့ နေရာကို   ဝင်ရောက်နိုင်ပါတယ်။

- စုံစမ်းမေးမြန်းလိုပါက IMEI / MEID/MAC/SN နံပါတ်တွေကို  ရိုက်ထည့်ပါ ဆိုတဲ့ နေရာမှာ IMEI Code ကို ရိုက်နှိပ်စစ်ဆေးနိုင်ပါတယ်။ တရားဝင်အလုံးမဟုတ်လျှင် ‘ဝမ်းနည်းပါတယ်၊ မိတ်ဆွေစုံစမ်းလိုတဲ့ ပစ္စည်းမှာ ဟွာဝေးမှ  တရားဝင် တင်သွင်းထားတဲ့ ပစ္စည်းမဟုတ်ပါ”လို့ ပေါ်လာပါ လိမ့်မယ်။ ပြည်တွင်း ဈေးကွက်ထဲမှာ လည်း ဟွာဝေးဟန်းဆက် အဟောင်းတွေကို ပြန်လည် ပြုပြင်ပြီး ရောင်းချနေမှုတွေ ရှိနေတယ်လို့ ကုမဏီကလည်း  တရားဝင်ကြေ ညာထားပါတယ်။

Credit : kumudranews



Follow us on