
အနုပညာ အလုပ်တွေ နဲ့ အလှမ်းဝေးနေတဲ့ အေသင် ကတော့ ၂၀၁၇ မှာ ပြန်လည် ပြုလုပ်မှာ ဖြစ်ပြီး လက်ရှိမှာ နယ်ရှိုးပွဲတွေ ပဲ ဆိုဖြစ်နေပါတယ် လို့ ပြောထားပါတယ်။

စီပွားရေး အနေနဲ့ Chan A ဆိုတဲ့ Thai Food ဆိုင်လေး ဖွင့် ထားပါတယ် ။ဖွင့်တာ ၁ လခွဲ ၂ လပဲ ရှိသေးပေမယ့် ပရိတ်သတ်တွေကော online ကတွေ့ပြီး လာအားပေးတယ့် သူတွေကော အများအပြားရှိပါတယ်။ ကျောက်မြောင်းလမ်း နဲ့ မလွှကုန်း လမ်းထောင့်မှာ ဖွင့်လှစ် ထားပါတယ် ။ ကာစတန်မာတွေ ရဲ့ တောင်းဆိုချက်ကြောင့် Chan A ဆိုင်ခွဲ ကိုလဲ ထက်မန် ဖွင့်လှစ် နိုင်ရန် ကြိုးစားနေပါတယ်လို့ ပြောထားပါတယ် ။

ဆိုင်မှာ ထိုင်းအစားအစာ ၊ တရုတ် အစားအစာ အပြငိ ဇလုံ ထမင်းသုပ် လဲ ရရှိပါတယ် ။ ထိုင်း အစားးအစာ နဲ့ ပတ်သတ်လို့ ကြီးကြီးမားမား မရ ပေမယ့် street food စစ်စစ်လေးတွေ ရရှိမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ အမျိုးအစားအလိုက် အမျိုးမျိုး ရှိပါတယ်လို့ ပြောထားပါတယ် ။
အမေနဲ့ အတူတူ ဖွင့်ထားတဲ့ ဒီဆိုင်လေးမှာ အကုန်လုံးကိုတော့ အမေ ဦးစီးပြီး အမေ့ စိတ်ကူးလေးတွေ ပါလို့ ပြောသွားပါတယ် ။ အမြဲ တန်းတော့ ဆိုင်မထိုင် နိုင်ပေမယ့် အားတဲ့ အချိန် အားတဲ့ ရက်တွေမှာတော့ ဆိုင်မှာပဲ ရှိနေတက်ပါတယ်လို့ ပြောထားပါတယ်။

Credit:modern journal
comment