1. Home
  2. Special or Others

Social Media ပေါ်မှာ နာမည်ကြီးလာအောင် ဘယ်လိုလုပ်မလဲ..?

Special or Others ธ.ค. 12, 2559 view 1,567

ဒီနေ့လူမှုမီဒီယာပေါ်မှာ နာမည်ကြီး(ဆယ်လီ)ဖြစ်ချင် ကြသူတွေ အထူးသဖြင့် မိန်းကလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတစ်ချို့ကို အကြံပြုချင်ပါတယ်။ ဆိုရှယ်မီဒီယာစတားတစ်ယောက်ဖြစ်သွားရင် အကျိုးရှိတဲ့အချက် တွေ အများကြီးရှိပါတယ်။ နောက်ပိုင်းမှာ ဝင်ငွေလည်းရှာလို့ရပါတယ်။ နာမည်ကြီး Brand များက သင့်ရဲ့ Wall ပေါ်မှာ ကြေငြာဖို့ ကြော်ငြာခပေးတတ်ကြပါတယ်။ အချို့ဆို ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားတာနဲ့တင် ဝင်ငွေအများကြီး ရနေသူတွေရှိပါတယ်။

(၁)အ၀တ်အစားသစ်တွေဝယ်ပါ

အ၀တ်အစားသစ်တွေ ၀ယ်ဝတ်ပြီး selfies တွေဆွဲ Facebook ပေါ်တင်တယ်။ “likes” လုပ်တဲ့သူ (၁၂)ယောက် ရှိတယ်။ဒီလောက်နဲ့ပျော်သွားမသွားပါနဲ့။ဘာကြောင့် “likes” (၁၂)ခုပဲရတယ်ဆိုတဲ့အကြောင်းကိုပြန်စဉ်းစားပါ။ အကြောင်းကတော့မှန်ကန်တဲ့အ၀တ်အစားကိုရွေးချယ်မ၀တ်ဆင်တတ်သေးလို့ပါ။ဒါကြောင့်အ၀တ်အစားသစ်တွေဝယ်တဲ့ဆိုရုံနဲ့မပြီးသေးပဲ မှန်ကန်တဲ့အ၀တ်အစားကို ရွေးချယ်ဝယ်ယူတတ်ဖို့လိုအပ်ပါတယ်။

(၂)ဖျော်ဖြေတတ်ရပါမယ်

ဒီနေရာမှာဆိုလိုချင်တဲ့ ဖျော်ဖြေမှုဆိုတာဟာ တခြားအရာကိုဆိုလိုတာမျိုးမဟုတ်ပဲ ဥပမာ-သချာင်္၊သိပ္ပံ၊အင်ဂျင်နီယာ ဘာသာရပ်အစရှိတဲ့ ပညာရပ်ဗဟုသုတအကြောင်းအရာတွေကို ရေးသားပြောဆိုတတ်ဖို့ကို ဆိုလိုတာပါ။ Facebook ပေါ်မှာ ပုံတွေချည်းသက်သက်ဆိုရင် ဒါဟာအရမ်းပျင်းစရာကောင်း မှာသေချာပါတယ်။ဒါကြောင့်ပုံတွေ ချည်းတင်နေတာမျိုးမဟုတ်ပဲ အလှအပကုန်ပစ္စည်းတွေအကြောင်းကိုတင်တာမျိုး၊တခြားအလှအပနဲ့ဗဟုသုတအကြောင်း အရာတွေကို မိမိသိသမျှ ပြောဆိုဆွေးနွေးတာတွေ လုပ်ဖို့လိုပါတယ်။

(၃)Positive Person အကောင်းမြင်စိတ်ရှိတတ်တဲ့သူဖြစ်ဖို့လိုပါတယ်

အင်တာနက်စတားတွေဟာ သူတစ်ပါးကိုအဆိုးမြင် တိုက်ခိုက်နေတာမျိုးမဟုတ်ပဲ အကောင်းမြင်စိတ်ရှိဖို့ လိုပါတယ်။ Negative ဆောင်တဲ့အရေးအသားမျိုးတွေကို အတက်နိုင်ဆုံးရှောင်ပြီး ပြုံးပါ၊ရယ်ပါ၊ပျော်ရွှင်တက်ကြွတဲ့ ပုံမျိုးဖြစ်နေဖို့ လိုပါတယ်။

(၄)လူတွေနဲ့လိုက်လျောညီထွေနေထိုင်

ဆိုရှယ်မီဒီယာပေါ်မှာ မိမိကိုယ် ထောက်ခံအားပေးနေမယ့် fans လို့ခေါ်တဲ့အမာခံပရိသတ်တွေရှိဖို့လိုပါတယ်။ fans တွေသာမရှိရင် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးတစ်ယောက် ဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ဒီလို Fans တွေရှိဖို့အတွက် လူတွေနဲ့လိုက်လျောညီထွေအောင် နေတတ်ဖို့ လိုတယ်ဆိုတဲ့အချက်ကို မမေ့ဖိုလိုပါတယ်။

(၅)အခက်အခဲနှင့် အဆင်မပြေမှုတွေ

အမြဲတမ်းအဆင်ပြေ ပျော်ရွှင်မှုတွေချည်းရှိနေတယ်သူတစ်ယောက်ဟာ တခြားလူတွေအတွက် သိပ်စိတ်ဝင်စားစရာ မ ကောင်းတတ်ပါဘူး။အခက်အခဲတွေက အောင်မြင်တဲ့သူတစ်ယောက်အဖြစ် တွန်းပို့ရမှာ တကယ့်ကို လိုအပ်တဲ့အ ရာတွေပါ။ဒါကြောင့်ဆယ်လီတစ်ယောက်ဖြစ်ချင်ရင် တခါတစ်လေမှာ မျှော်လင့်မထားတဲ့အရာမျိုး ဥပမာ Cover Photo ကိုစိတ်ပျက်အားလျှော့လိုက်တဲ့ပုံမျိုး ပြောင်းပေးဖို့လိုပါတယ်။ထူးခြားမှုတွေနှင့်စိန်ခေါ်မှုတွေ အတွက် ပြင်ဆင်တာမျိုး လုပ်ဖို့လိုပါတယ်။

(6)ကိုယ့်အကြောင့် သူများ စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ

့ ဘာကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာ လူတစ်ယောက်ဖြစ်နေပြီလား။ဘာကြောင့်ဒီလိုဖြစ်လာတာလဲ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရပါမယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာ ပစ္စည်းတွေရောင်းနေတာမျိုး ၊ကြော်ငြာပေး ဖို့ တောင်းဆိုနေတာမျိုးတွေ လုပ်တာတွေများနေပြီဆိုရင်တော့ ဒါတွေဟာတခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဆင်ခြင်ဖို့လိုပါတယ်။

(၇)ဆိုရှယ်မီဒီယာကို လေ့လာသုံးသပ်ပါ

မိမိအသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာထဲမှာ ဘယ်သူတွေများနေလဲ လူကြီးလား လူငယ်လား။ဒါတွေကိုလေ့လာသုံးသပ်ပြီး ဘာတွေကိုတင်သင့်တယ် မတင်သင့်ဘူးဆိုတာကို ဆုံးဖြတ်တတ်ရမှာ ဖြစ်ပါတယ်။ (၆)ရယ်စရာကောင်းနေပါစေ ရယ်ရတဲ့သူကိုလူတိုင်းက နှစ်သက်ကြပါတယ်။ဟာသဥာဏ်မရှိတဲ့ သူတစ်ယောက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးတဲ့ သူတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့် ဟာသဥာဏ်လေးလည်းရှိဖို့ လိုပါတယ်။

(၈)ရိုးသားမှုရှိပါစေ

တကယ်လို့ရိုးသားမှုသာရှိမယ်ဆိုရင် လူတွေကလည်း မိမိအပေါ်နဲ့မိမိBrand အပေါ် ပိုပြီးယုံကြည်လာမှာပါ။အဲ့လိုမဟုတ်ပဲ လိမ်ညာတာတွေ လုပ်မယ်ဆိုရင်တော့ လူတွေက မိမိအပေါ် ယုံကြည်လက်ခံတော့မှာမဟုတ်ပါဘူး။အင်တာနက် အသုံးပြုသူတွေဟာ သံသယကြီးလွန်းတတ်သူတွေဖြစ်တာကြောင့် တကယ့်အစစ်အမှန် ရိုးသားမှုကိုသာ ပေးဖို့ပြဖို့ လိုပါတယ်။

Credit : shwemom



Follow us on