1. Home
  2. Movie Stars - Celebrity

Congratulations Myanmar လို့ ကြားတိုင်း ကြည်နူးမိတဲ့ ဥက္ကာမင်းမောင်

Movie Stars - Celebrity ธ.ค. 12, 2559 view 1,516

Mister Tourism World 2016 ရဲ့Winner တစ်ဦးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု ဥက္ကာမင်းမောင်ကတော့ အိမ်မက် တွေ တစ်ကယ်ဖြစ်လာလို့ ဝမ်းသာနေပါတယ်။ ပြိုင်ပွဲပြီးတဲ့ အချိန်ကတည်းက အခုထိ လူပေါင်းများစွာရဲ့ Congratulations Myanmar ဆိုတဲ့ အသံတွေကြားရတာ အိမ်မက်တစ်ခုလို ဖြစ်နေပြီး အခုထိလည်း မယုံနိုင်သေးဘူးလို့ ခံစားနေရကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Mister Tourism World organization ရဲ့ ပေးအပ်မယ့် တာဝန်တွေအရ စပိန်၊အီတလီ၊ ဥရောပတခွင် ၊ပီရူး၊ အာဂျင်တီးနား၊ တောင်အမေရိက တခွင်၊ ဒူဘိုင်း၊ အာဖရိက၊အာရှတခွင် tourism ambassador အနေနဲ့ ခရီးတွေ ထွက်ပြီး လူမှူရေးတွေလုပ်ရမှာ ဖြစ်သလို နောက်နှစ်မှာ ပြိုင်မယ့် နိုင်ငံတွေက ကိုယ်စားပြု ရွေးချယ်ပွဲတွေဆီသွားပြီး ဒိုင်လုပ်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 လက်ရှိအနုပညာအလုပ်တွေကိုလည်း Mister Tourism World organization ဘက်က လုပ်ခွင့်ပေးထားတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ဝေဖန်မှုတွေ ကြားထဲကနေ ချစ်တဲ့သူတွေအားလုံးရဲ့ အားပေးမှုကြောင့် မြန်မာမှာတင်မက တကမ္ဘာလုံးက next generation တွေအတွက် စံပြကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။ ဘယ်သူတွေ ဘာပြောပြော ရှေ့ဆက်လျှောက်မယ်လို့ လဲပြောထားခဲ့ပါတယ် ။

Credit:Duwun



Follow us on