ဗဟိုဘဏ်၏ ဒေါ်လာငွေလဲနှုန်းမှာ ၁,၃၃၀ ကျပ် သတ်မှတ်ထာပြီး၊ တရားဝင်ငွေလဲကောင်တာများတွင် ၁,၃၄၀ ကျပ်ခန့်သာ သတ်မှတ်နိုင်သော်လည်း ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ၁,၃၈၅ ကျပ်ခန့်ထိ မြင့်တက်လျှက်ရှိသည်။
တစ်ဒေါ်လာလျှင် ၄၅ ကျပ်ခန့် ကွာဟနေမှုများကြောင့် ငွေလဲကောင်တာတွင် ဒေါ်လာဝယ်ယူပြီး ပြင်ပတွင် ပြန်လည် ရောင်းချမှုများ ရှိနေသည့် အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ငွေလဲကောင်တာအချို့ အရောင်းရပ်ဆိုင်ထားရကြောင်း သိရှိရသည်။ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ၈၅၉,၀၀၀ ကျပ်ထိ ပြန်လည်မြင့်တက်လာခဲ့သည်။
Ref:7Day