1. Home
  2. Special or Others

808 Festival မှာ ရန်ဖြစ်သူတွေကို ခပ်ကြမ်းကြမ်းတုံ့ပြန်လိုက်တဲ့ ကမ္ဘာကျော် DJ

Special or Others ธ.ค. 14, 2559 view 1,663
ဒီဇင်ဘာလ ၁၀၊ ၁၁ ရက်နေ့က သုဝဏ္ဏရှိ The One Entainterment Park တွင်ကျင်းပပြုလုပ်ခဲ့တဲ့ “808 Festival Yangon” တွင် ကမ္ဘာကျော် DJ တစ်ဦးဖြစ်သူ “Hardwell” တီးခတ်ဖျော်ဖြေနေစဉ် ကခုန်နေသူများကြားထဲ ရန်ပွဲဖြစ်ခဲ့တဲ့အတွက် ပွဲကိုရပ်တန့်ကာ ခပ်ကြမ်းကြမ်း သတိပေးပြောဆိုခဲ့ပါတယ်။
 
အဆိုပါ ဗီဒီယိုဖိုင်ကို မေဖြူစင် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က အမှတ်မထင် ရိုက်ကူးထားမိပြီး လူမှုကွန်ယက်ပေါ် ပြန်လည်မျှဝေခဲ့ရာ ကြည့်ရှုသူများပြားခဲ့ပါတယ်။
 
DJ “Hardwell” က..
“ဟေ့ရောင်တွေ အောက်မှာ ဘာဖြစ်နေကြတာလဲ..? မင်းတို့ ရန်ဖြစ်ချင်ရင် အပြင်ထွက်ပြီး ချကြကွာ။ ငါတို့ဒီမှာ ပါတီလုပ်ဖို့လာတာ ရန်ဖြစ်ဖို့မဟုတ်ဘူး။ မင်းတို့ ဒီကနေထွက်ပြီး အပြင်မှာ သွားဆော်ကြ၊ ဒီည အားလုံးချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်း ဖြစ်ချင်တယ်”  ဟု အဓိပ္ပါယ်ရသော စကားများကို အောက်ပါအတိုင်း ခပ်ရင့်ရင့်ပြောခဲ့ပါတယ်။
 
"Yo dudes, what the fuck is goin' on there? If you want to fight, then you fight out of the fuckin' party," he said. "We're here to party, we're not to fight here. Get your ass out the fucking festival, we're here to party with no fighting, it's all peace and love tonight."
 


Follow us on