1. Home
  2. Myanmar News

လမ်းမတော်က ဈေးဆိုင်အချို့ရောင်းချနေတဲ့ မုန့်ဖတ်များတွင် ဖော်မလင်ပါကြောင်းတွေ့ရှိ

Myanmar News ธ.ค. 14, 2559 view 1,571

စားသောက်ကုန်တွေလိုက်လံစစ်ဆေးတဲ့နေရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ကျန်းမာရေးဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ လမ်းမတော်မြို့နယ် ၀ါးတန်းလမ်း၊ရတနာလမ်းမှာရှိတဲ့ မုန့်ဖတ်နဲ့ပတ်သတ်တဲ့ စားသောက်ကုန်တွေကို ဒီကနေ့ စတင် စစ်ဆေးခဲ့ရာ စားသုံးသူကိုအန္တရာယ် ဖြစ်စေတဲ့ဖော်မလင်ပါဝင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ စည်ပင်သာယာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဦးဝင်းမြတ်ဦးကပြောပါတယ်။

“လမ်းမတော်မြို့နယ်ထဲမှာရှိတဲ့ လမ်းဘေးဈေးသည်တွေရောင်းချတဲ့ ပဲပြားဆိုင်(၄)ဆိုင်နဲ့ခေါက်ဆွဲ၊မုန့်ဟင်းခါး၊ညှပ်ခေါက်ဆွဲ၊နန်းကြီးသုတ်စုစုပေါင်းဆိုင်ခန်း(၉)ဆိုင်ကို မနက်(၇)နာရီမှ(၈)နာရီထိစစ်ဆေးပါတယ်။စစ်ဆေးတဲ့အခါမှာ သံသယရှိနိုင်ဖွယ်ရာတွေကိုတွေ့ရပါတယ်”ဦးဝင်းမြတ်ဦးကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဒေါ်သန်းသန်းဦးကလည်း ၂၀၁၆ခုနှစ်နိုဝင်ဘာ၂၃ရက်ကဖွင့်လှစ်တဲ့ ကမ်းနားလမ်း ညဈေးတန်းကဈေးသည်တွေကို ကျန်းမာရေးလက်ကမ်းစာစောင်တွေ လည်းပေးဝေခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးချက်အရတွေ့ရှိထားတဲ့ စားသောက်ကုန်ပစ္စည်းတွေဟာ လက်လီလက်ကားရောင်းချတာဖြစ်တဲ့အတွက် ရောင်းချတာတွေကို ဘယ်ကဘယ်လိုရတယ်ဆိုတာတွေကိုလည်းလိုက်လံစစ်ဆေးသွားမယ်လို့သိရပါတယ်။

Soure : kumudranews



Follow us on