1. Home
  2. Special or Others

‘Running Man’ မှ ဆောင်းဂျီဟိုနှင့် ဂျုံးဝုတို့လည်း ထွက်မည်

Special or Others ธ.ค. 14, 2559 view 1,694

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် reality show တစ်ခုဖြစ်တဲ့ ‘Running Man’ အဖွဲ့ဝင်တွေဖြစ် တဲ့ ဆောင်းဂျီဟိုနဲ့ ဂျုံးဝုတို့က အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တော့မှာကြောင့် season 2 မှာတော့ အဖွဲ့ဝင်သစ်နေရာမှာ Kang Ho Dong ကိုထားဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

ဆောင်းဂျီဟိုရဲ့အေဂျင်စီMY Company ကလည်း ထွက်မယ့်သတင်းနဲ့ပတ်သက်ပြီး မှန်ကန်ကြောင်း အတည်ပြုခဲ့ကာ၊ ဂျီဟိုတစ်ယောက် ‘Running Man’ ကနေထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ‘Running Man ရိုက်ကူးရေးတွေအကြား ဗျာများနေရတာတွေကြောင့်၊အနုပညာလှုပ်ရှားမှုတွေကို စောက်ချလုပ်ဖို့ အတွက် ထွက်ရတာလို့ပြောခဲ့ပြီး၊ထွက်မယ့် ရက်စွဲအတိအကျကိုတော့ ညှိနှိုင်းမှုတွေ လုပ်နေစဲပါ။

ဂျုံးဝုရဲ့အေဂျင်စီ Maroo Entertainment ကလည်း ဂျုံးဝုတစ်ယောက် ‘Running Man’. ကနေထွက်ဖို့ ဆုံးဖြတ် လိုက်တဲ့အကြောင်းကို အတည်ပြုကြေညာခဲ့ပြီး၊ထွက်မယ့်ရက်အတိအကျကိုတော့ အတည်မပြုရသေးပါဘူး။ ‘Running Man အဖွဲ့ဝင်ဂယ်ရီတစ်ယောက် အဖွဲ့ထဲကနေ နုတ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အခုလိုအခြေ အနေပေါ် ပေါက်ခဲ့တာလို့ allkpop.com မှာဖော်ပြထားပါတယ်။

အဖွဲ့ဝင်သစ်အဖြစ်တွေ့မြင်ရမယ့် Kang Ho Dong

Credit : shwemom



Follow us on