1. Home
  2. Myanmar News

ခုံးကျော်တံတားအောက်တွေမှာ ပန်းခြံငယ်တွေ ဆက်လုပ်သွားမယ်

Myanmar News ธ.ค. 14, 2559 view 1,633

ရန်ကုန်မြို့ ပြည်လမ်းမပေါ်က မြေနီကုန်း ခုံးကျော်တံတားအောက်မှာ ပြင်သစ်နိုင်ငံနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းပြီး ကစားကွင်းနဲ့အပန်းဖြေနေရာတည်ဆောက်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းတံတား) လက်ထောက်ဌာနမှုး ဦးတင်ထွန်းဦး ထံက သိရပါတယ်။ သည်စီမံကိန်းကို ပြင်သစ်မြန်မာ ချစ်ကြည်ရေး အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပြင်သစ်နိုင်ငံတို့ ပူပေါင်းတည်ဆောက်နေတာဖြစ်ပါတယ်။ခုံကျော်တံတားအောက်မှာအများပြည်သူထိုင်ပြီးအပန်းဖြေလို့ရလို့ရတဲ့ အပင်စစ်တွေနဲ့ တည်ဆောက်ထားတဲ့ ပန်းခြံငယ်နဲ့ ကစားကွင်းတို့ကို တည်ဆောက်ထားတာဖြစ်ပါတယ်။

သည်တံတားတွေ အောက်မှာ ကားပါင်ကင်နဲ့ ကြောငြာ ဆိုင်ဘုတ် ( LED) တွေထားရှိခဲ့ပြီး အခု ရန်ကုန်တိုင်းဒေသကြီးနဲ့ ပြင်သစ်နိုင်ငံတို့ပူးပေါင်းပြီး ပထမဆုံး ခုံးကျော်တံတားအောက်မှာ အပန်းဖြေနေရာနဲ့ ကစားကွင်းတည်ဆောက်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာ ရှစ်မိုင်၊ လှည်းတန်း၊ မြေနီကုန်း ခုံးကျော်တံတား၊ ကမ္ဘာအေးဘုရား လမ်းမပေါ်မှာ ရွှေဂုံတိုင်၊ ကုက္ကိုင်း ခုံးကျော်တံတား၊ အင်စိန်ပန်းခြံ မီးရထားခုံးကျော်တံတားနဲ့ ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား စုစုပေါင်း ခုံးကျော်တံတား၊ တာမွေ ခုံးကျော်တံတား ရှစ်စင်းကို ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Credit : kumudranews



Follow us on