ဒီဇင်ဘာလ (၁၄) ရက်နေ့ ည ၉ နာရီခွဲ့ခန့်အချိန်တွင် The Farmer Journal မှ ကိုသူရမျိုး အိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်း(၇၀) ၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် အမည်မသိ လူ(၄)ဦးမှ ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ရိုက်နှက်ခံရသည့်အတွက် နှုတ်ခမ်းဖူယောင်၊ ယာဂျိုစောင်းဖူးယောင်ပြီး မျက်နှာတွင် ဒဏ်ရာများရရှိခဲ့သည့်အတွက် ဦးဏှောက်နှင့်အာရုံကြော ခွဲစိတ်ဌါနတွင် ဦးဏှောက်မှ သွေးယိုသည်ဟု သံသယရှိသည့်အတွက် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံရွာအခြေစိုက် အလဲဗင်းဂျာနယ်သတင်းထောက် ကိုစိုးမိုးထွန်း အရိုက်ခံခဲ့ရပြီး သေးဆုံးခဲ့ရသဖြင့် အမှုမှန်ပေါ်ပေါက်ရန် သက်ဆိုင်ရာသို့ ဝိုင်းဝန်းတွန်းအားလျှက်ရှိကြောင်း သိရှိရသည်။
Ref:ပြည်စိုးအောင်